🍑 35 🍑

7.6K 832 73
                                    

// Unicode //
~~~~~~~~~~

အေးစက်စပြုနေပြီဖြစ်သောကော်ဖီခွက်ကို အချိန်အတော်အတန်ကြာကြည့်နေရင်း ပြောရမယ့်စကားတွေကို ရွှန်းလဲ့စဉ်းစားနေသည်။ အရှေ့က ကောင်လေးမှာ ရွှန်းလဲ့ရဲ့မောင်လေးအရွယ်သာရှိသေး၍ နစ်နာစရာစကားတွေလဲ မဆိုချင်။

" အစ်မလိုရင်းကိုပဲပြောတော့မယ် ရှင်းသန့် "

ဖြူနုနေသောမျက်နှာလေးက ယောကျာ်းလေးတစ်ယောက်မှဟုတ်ရဲ့လားလို့ အထင်မှားချင်စရာ။ ခွန်းနဲ့ကိစ္စတွေသာမဖြစ်ခဲ့ရင် ရှင်းသန့်ဆိုတဲ့ကောင်လေးကို ရွှန်းလဲ့ချစ်မှာပါ။

" မင်း ခွန်းဆီကဘာလိုချင်တာလဲ "

" ဗျာ "

" မင်းရဲ့နောက်ကြောင်းတွေ အစ်မစုံစမ်းပြီးပြီ၊ သာမာန်ပါပဲ..၊ အဲ့ဒီတော့ ခွန်းကိုချဉ်းကပ်တာ ဘာလိုချင်လို့လဲ "

ကောင်လေးဆီကစကားကိုစောင့်နေပေမယ့် ဘာတစ်ခွန်းမှထွက်မလာ။

" ရှက်စရာကောင်းလို့ ထုတ်မပြောချင်ပေမယ့် ပြောရတော့မယ်၊ တကယ်ဆို ယောကျာ်းလေးနှစ်ယောက်အတူတူအိပ်မိတာ ပြဿနာမှမရှိဘဲ၊ ကိုယ်ဝန်ရနိုင်တာလဲမဟုတ်ဘူးလေ "

ကောင်လေးရဲ့မျက်ဝန်းတွေကို စိုက်ကြည့်ရင်း ရွှန်းလဲ့ လေသံအေးအေးနဲ့ပဲ ‌ဆက်ပြောလိုက်သည်။

" ဒီတော့ ခွန်းကိုအရယူထားတာ တစ်ခုခုလိုချင်လို့ပဲမလား "

ကောင်လေးစိတ်လှုပ်ရှားနေတယ်ဆိုတာ ဂနာမငြိမ်သော မျက်လုံးတွေကိုကြည့်တာနဲ့သိသည်။

" ရှင်းသန့်.. အစ်မကိုပွင့်ပွင့်လင်းလင်းပဲပြောလို့ရတယ်၊ ခွန်းကိုပြန်မပြောဘူး ဟုတ်ပြီလား "

ရွှန်းလဲ့ပြောလိုက်တော့ ကောင်လေးခေါင်းငုံ့သွားသည်။ စက္ကန့်ပိုင်းလောက်ကြာမှာ အသံတိုးတိုးလေးနဲ့ ‌ထုတ်ပြောလာသည်က..

" ကျွန်တော်.. အစ်ကို့ကို.. အစ်ကို့ကိုချစ်လို့.. "

" ချစ်လို့.. "

" ဟုတ်တယ်.. ကျွန်တော် အစ်ကို့ကိုချစ်တယ် "

" မင်းစကားတွေကို အစ်မကယုံမယ်ထင်နေလား "

𝙸𝚝'𝚜 𝙾𝚔, 𝚃𝚑𝚊𝚝'𝚜 𝙻𝚘𝚟𝚎〖 Completed 〗Where stories live. Discover now