// Unicode //
~~~~~~~~~~" ခွန်း သွားတော့မှာလား "
အပေါ်ထပ်မှဆင်းလာသောသူ့အား ဧည့်ခန်းတွင်ထိုင်နေသူ မေမေကလှမ်းမေးသည်။ မေမေ့ဘေးတွင်တော့ မချိုမချဉ်မျက်နှာပေးနှင့် နွေးနေခြည်ဟန် ကိုတွေ့ရမည်။
" ဟုတ် မေမေ၊ ဆိုင်ကို ကလေးတွေမရောက်ခင် သားအရင်ရောက်မှဖြစ်မယ်လေ "
" ဒီကိုအရင်လာပါဦး၊ မေမေမေးစရာရှိတယ် "
မေမေ့အနားသို့သွားကာ ဘေးတွင်ဝင်ထိုင်လိုက်သည်။
" သား မေမေ့ကိုပြောစရာတစ်ခုခုမရှိဘူးလား "
မျက်နှာချင်းဆိုင်တွင်ထိုင်နေသော နေခြည့်ကိုကြည့်လိုက်တော့ သူဘာမှမသိသလိုပခုံးတွန့်ပြသည်။
" သားက ဘာပြောရမှာလဲ မေမေရဲ့ "
" ဒါဆိုလဲ မေမေပဲပြောတော့မယ်၊ သားကယောကျာ်းလေးတွေကိုကြိုက်တာ ဘာလို့အရင်ကမပြောခဲ့တာလဲ "
" ဗျာ "
ရုတ်တရက် မေမေပြောလိုက်သောစကားကြောင့် သူကြောင်သွား၏။ နေခြည်က မျက်နှာပြောင်ကာ လျှာထုတ်ပြနေသည်။
" အဲ့ဒီကောင်လေးနဲ့တွဲနေတာ ဘယ်လောက်ကြာပြီလဲ "
သူထပ်ပြီး နားမလည်ဖြစ်သွားပြန်သည်။ မေမေက ဘယ်ကောင်လေးကိုမေးနေတာလဲမသိ။
" ဘယ်ကောင်လေးကိုပြောတာလဲ.. "
" ဟယ်..မင်းလက်ထပ်ချင်တဲ့ကောင်လေးလေ "
ဒီတစ်ခါတော့ သူမျက်လုံးပါပြူးသွားရသည်။ နေခြည်တစ်ယောက် မေမေ့ကိုဘာတွေပြောထားပြီလဲမသိ။
" ဟို ရွှန်းလဲ့ဆိုတဲ့ကလေးမနဲ့ရော ဘာဖြစ်သွားလဲ "
သူ ဘယ်လိုဖြေရမှန်းလည်းမသိ။ ရွှန်းလဲ့ကိုလည်း ဘာမှမပြောရသေး။ ဘာလုပ်ရမှန်းမသိအောင် အကြပ်ရိုက်သည့်အခြေအနေပဲဖြစ်သည်။
" မေမေကလည်း ရွှန်းလဲ့ကဘယ်ကပါလာတာလဲ၊ မေမေ့သားက ယောက်ျားပဲယူမှာပါဆို "
နေခြည်ကဝင်ပြောခြင်းဖြစ်သည်။
" အေးပါ.. လိုချင်လဲ မတားပါဘူး၊ ကောင်လေးကို တစ်ရက်လောက်အိမ်ခေါ်လာခဲ့၊ အခြေနေကြည့်ဦးမယ်၊ သဘောမတူရင်တော့ မယူရဘူး ဒါပဲ "
![](https://img.wattpad.com/cover/229540742-288-k134415.jpg)
YOU ARE READING
𝙸𝚝'𝚜 𝙾𝚔, 𝚃𝚑𝚊𝚝'𝚜 𝙻𝚘𝚟𝚎〖 Completed 〗
Romanceပထမဆုံးအရေးသားမို့ လိုအပ်ချက်တွေများပြီး ဇာတ်အိမ်ပေါ့ပါတယ်။