// Unicode //
~~~~~~~~~~ရူပါရဲ့အကြံကိုကြားသိလိုက်ရသောအခါတွင် ရှင်းသန့် မျက်နှာမှာဆီးရွက်လောက်သာ ရှိတော့သည်။
" ဖြစ်ပါ့မလား ရူပါရာ "
" ဖြစ်ပါတယ်ဆိုကွာ၊ ဖိတ်စာရိုက်ဖို့သာ တွေးထားလိုက်တော့ "
ရူပါပြောသည့် အစ်ကို့ကိုပိုင်ဆိုင်ရအောင်လုပ်မယ့် နည်းလမ်းမှာ အနည်းငယ်မတရားမှုတွေပါဝင်နေသည်။ အခန့်မသင့်လျှင် ကာမလိမ်လည်မှုနှင့်ထောင်နန်းစံရကိန်းပါရှိသည်။
" အဲ့ဒါက..ဟိုကွာ.. နည်းနည်းကြောက်စရာကောင်းနေတယ်၊ ငါတော့ ထောင်ထဲရောက်မယ့်အဖြစ်တွေမြင်နေသလိုပဲ "
ရှင်းသန့်ရဲ့ မချိတင်ကဲရေရွတ်သောစကားကြောင့် ရူပါ စိတ်ပျက်သလိုကျစ်ခနဲအသံထွက်လာ၏။
" ငါပြောချင်တာကကွာ..အဲ့နည်းလမ်းက..ဟို..မတရားရာကျနေသလားလို့ "
" ဟေ့ကောင် ရှင်းသန့်.. အချစ်မှာ တရားတာတွေ၊ မတရားတာတွေမရှိဘူး၊ ပိုင်ဆိုင်မလား.. လက်လွှတ်မလားဆိုတာပဲရှိတယ် "
ရူပါပြောလိုက်တော့ အစတည်းကမရွှင်လန်းသော ရှင်းသန့်မျက်နှာလေးမှာ ပိုပြီးညှိုးငယ်သွားသည်။ တကယ်ဆို ရှင်းသန့်လည်း ဘာလုပ်ရမယ်ဆိုတာ ဝေခွဲမရပါ။ အစ်ကို့ကိုချစ်သည်။ အစ်ကို့အနားမှာနေချင်သည်။ တခြားသူလက်ထဲပါသွားမှာလည်းစိုးရိမ်သည်။ သို့သော်လည်း မတရားသည့်အကြံတွေသုံးပြီး တစ်ဖက်သတ်ဆန်စွာနဲ့ အစ်ကို့အားမပိုင်ဆိုင်လိုပါ။
" ငါဘာလုပ်ရမှန်းမသိဘူး ရူပါ "
" သေချာစဉ်းစားပေါ့၊ မင်းချစ်တဲ့သူကိုပိုင်ဆိုင်ရပေမယ့် အဲ့ဒါက မင်းကိုတစ်သက်လုံးစိတ်ညစ်စေမယ်ဆိုရင်လဲ မကောင်းဘူးမလား "
ထိုစကားအား ရူပါကအလေးအနက်ဖြင့်ပြောသည်။
" ငါမင်းကိုဖိအားပေးသလိုဖြစ်သွားတယ်၊ မင်းဘာသာစဉ်းစားရမှာ "
ကောင်တာတွင်ထိုင်နေသော အစ်ကိုနှင့်ရွှန်းလဲ့ဆိုသူ အမျိုးသမီးကို ရှင်းသန့် တွေတွေလေးငေးကြည့်နေ၏။ သူ့ဘဝထဲရောက်လာကာမှ အစ်ကို့ရဲ့နွေးထွေးသည့်အပြုံးတွေပျောက်ကွယ်သွားရင်.. ။
![](https://img.wattpad.com/cover/229540742-288-k134415.jpg)
YOU ARE READING
𝙸𝚝'𝚜 𝙾𝚔, 𝚃𝚑𝚊𝚝'𝚜 𝙻𝚘𝚟𝚎〖 Completed 〗
Roman d'amourပထမဆုံးအရေးသားမို့ လိုအပ်ချက်တွေများပြီး ဇာတ်အိမ်ပေါ့ပါတယ်။