// Unicode //
~~~~~~~~~~" ကိုကြီး !! "
မထင်မှတ်ဘဲတွေ့လိုက်ရတဲ့သူကြောင့် မိုးတေဇယံမှာခေါင်းနပန်းကြီးသွားရသည်။ ဘေးတွင် ခိုင်လည်းပါသည်ဖြစ်၍ ဝိုင်းမင်းဆက် ဘာမှလျှောက်မပြောပါစေနဲ့လို့သာ ဆုတောင်းရတော့သည်။
" ဈေးလာဝယ်တာလား ကိုကြီး "
" အင်း "
" ဝိုင်းကိုမှတ်မိလား အစ်မ "
ခိုင့်ကိုမေးလိုက်ခြင်းဖြစ်သည်။ ခိုင်ကလည်း ကြောင်အမ်းအမ်းလေးဖြစ်ကာ တေဇကိုမော့ကြည့်လာသည်။ တေဇ ရဲ့ " ဘာလုပ်ဦးမှာလဲ " ဆိုသည့် သဘောကိုဆောင်သောအကြည့်တွေကတော့ ဝိုင်းမင်းဆက်ဆီမှာသာ။
" တစ်နေ့က ကိုကြီးရဲ့ချစ်သူဆိုတာလေ၊ ဝိုင်း တမင်စလိုက်တာပါ၊ စိတ်မဆိုးပါနဲ့ "
" ဪ.. အဲ့ဒါ မင်းလား၊ ဒါကြောင့် အသံကိုရင်းနှီးနေပါတယ်လို့၊ ခိုင့်မှာလေ လန့်သွားတာပဲ "
" ဝိုင်း ကစတာပါ၊ ကိုကြီးကိုလည်းတောင်းပန်ပါတယ် "
အရောင်တောက်သောမျက်ဝန်းတွေနှင့် ကြည့်နေတာသိပေမယ့် တေဇ တမင်ကိုရှောင်လွှဲထားလိုက်သည်။ ဒါကို ခိုင်ကလက်တို့ကာခေါ်၏။
" ထားလိုက်တော့ "
" ကိုကြီး စိတ်မဆိုးဘူးမလား "
" အေး "
ထိုအချိန် သူတို့အနားသို့ လူတစ်ယောက်ရောက်လာသည်။ အတိအကျပြောလျှင် ဝိုင်းမင်းဆက် ဆီသို့ရောက်လာတာဖြစ်သည်။ ထိုလူက အနားရောက်တာနဲ့ ဝိုင်းမင်းဆက် ရဲ့ပုခုံးကိုဖက်လိုက်၍ တေဇ လွှဲထားသောအကြည့်တွေက သူတို့ထံရောက်သွား၏။
" ဝိုင်း သွားပြီနော် "
ခိုင်ကတော့ပြန်လည်ပြုံးပြရင်း နှုတ်ဆက်လိုက်ပေမယ့် တေဇက မျက်ခုံးတွေတွန့်ချိုးလျှက်သာ။ ဝိုင်းမင်းဆက် ပြောတဲ့ " ပါတနာမရှာဘူး " ဆိုသည့်စကားဟာ အလိမ်ညာတစ်ခုလား။ အခုတွဲသွားတဲ့သူနဲ့က ဘယ်လိုပက်သတ်မှုပါလိမ့်။ တကယ်ပဲ သူ့နောက်ကိုလိုက်နေတာတွေ ရပ်လိုက်ပြီလား။ ရပ်လိုက်တော့လည်းကောင်းတာပဲ။ သူစိတ်ရှုပ်ခြင်းမှကင်းဝေးရသည်မဟုတ်လား။
![](https://img.wattpad.com/cover/229540742-288-k134415.jpg)
YOU ARE READING
𝙸𝚝'𝚜 𝙾𝚔, 𝚃𝚑𝚊𝚝'𝚜 𝙻𝚘𝚟𝚎〖 Completed 〗
Romantizmပထမဆုံးအရေးသားမို့ လိုအပ်ချက်တွေများပြီး ဇာတ်အိမ်ပေါ့ပါတယ်။