// Unicode //
~~~~~~~~~~" လက်မှတ်ထိုးလိုက် "
ရွှန်းလဲ့ ပေးလာသည်က နှစ်ဦးသဘောတူကွာရှင်းစာချုပ်ဖြစ်သည်။ အချက်အလက်တွေဖြည့်ထားပြီး လက်မှတ်ထိုးရန်သာလိုသည့်စာချုပ်ကို သူမ ဘယ်အချိန်တည်းကပြင်ဆင်ထားလဲမသိ။
" မထိုးဘူးလား၊ ဘယ်လောက်လိုချင်လဲ "
" ဘာပြောလိုက်တာလဲ မရွှန်းလဲ့နေ "
" နင်အိမ်မပြန်ဘူးဆိုတာ ငါသိတယ်၊ တခြားနေရာမှာသွားနေဖို့ပိုက်ဆံလိုတယ်မလား၊ ငါကူညီပေးမယ်၊ ဒီစာချုပ်မှာပဲ လက်မှတ်ထိုးလိုက် "
ရွှန်းလဲ့ ပြောလိုက်သည့်စကားများက ရှင်းသန့် ကိုစော်ကားရာကျလွန်းနေသည်ဖြစ်ရာ သည်းမခံနိုင်ပါ။ အရင်က ပြန်ပြောလို့မဖြစ်သည့်အခြေနေရှိဖြစ်၍သာ ငြိမ်နေရခြင်းဖြစ်သည်။
" အစ်မ ကျွန်တော့်ကိုမစော်ကားနဲ့၊ ကျွန်တော် ဘယ်သူ့အကူညီမှမလိုဘူး "
" အဲ့လိုဖြစ်သွားရင် sorry ပါ "
ကွာရှင်းစာချုပ်ကိုကြည့်လိုက်တော့ ဟန့်ရဲ့လက်မှတ်မရှိ။ ရွှန်းလဲ့ပဲကြားဝင်ပြီးလုပ်နေတယ်ဆိုတာ သူသိသည်။
" ဒီစာချုပ်က ဟန် လုပ်ခိုင်းတာလား "
" ငါ့ဘာသာလုပ်တာ၊ ဟန်လည်း လက်မှတ်မထိုးဘဲမနေပါဘူး "
ဒါဟာ ဖြစ်နိုင်ပါသည်။ သူ့ကို ဟန် မုန်းနေမယ်ဆိုရင်တောင် ဖြစ်သင့်တဲ့အရာပဲမဟုတ်လား။
တုန်နေသောလက်ကိုထိန်းကာ ဖောင်တိန်အားကိုင်လိုက်သည်။ ဟန် သာဆိုရင် သူ့လိုတုန်လှုပ်နေမှာမဟုတ်ဘူးလို့တွေးမိတော့ ရင်ထဲကနာသည်။ ဘယ်လောက်ပဲ မမျှော်လင့်တော့ပါဘူးလို့ဆိုနေပါစေ မသိစိတ်က ဟန့်ကိုတမ်းတနေမိဆဲ။ အရင်လိုအခြေအနေမဟုတ်တောင် တစ်ခါလောက် ဟန့်ရဲ့မျက်နှာကိုမြင်ချင်မိတဲ့စိတ်ဟာ သူ့ကိုအခါခါသတ်နေသလို။
ချစ်ရတဲ့သူအနားက ထွက်လာတဲ့ ၄ ရက်အတွင်းမှာ လွမ်းဆွတ်မှုဟာ အတည်တကျရှိမနေခဲ့ပါ။ မနေ့က ဟန့်ရဲ့ခေါ်သံကိုလွမ်းရသလို ဒီနေ့တော့ ဟန့်ရဲ့မျက်ဝန်းတွေကိုလွမ်းရသည်။ အတူတူရှိဖူးတဲ့အတိတ်ကို ရုပ်ရှင်အနှေးပြကွက်တစ်ခုလို မြင်ယောင်မိတိုင်း ဟန် ပါဝင်ခဲ့တဲ့ထိုအတိတ်တွေကို မြတ်နိုးစိတ်ပိုရသည်။
![](https://img.wattpad.com/cover/229540742-288-k134415.jpg)
YOU ARE READING
𝙸𝚝'𝚜 𝙾𝚔, 𝚃𝚑𝚊𝚝'𝚜 𝙻𝚘𝚟𝚎〖 Completed 〗
Romanceပထမဆုံးအရေးသားမို့ လိုအပ်ချက်တွေများပြီး ဇာတ်အိမ်ပေါ့ပါတယ်။