// Unicode //
~~~~~~~~~~" အဟမ်း.. ကိုယ့်ကိုအအေးလေးတစ်ခွက်လောက် ဖျော်မတိုက်ချင်ဘူးလား ရူပါ "
သိသိသာသာမဲ့သွားသောမျက်နှာနှင့် ဘုကြည့်ကြည့်လာသူအား ထွဋ်ခေါင်မသိသလိုသာနေလိုက်၏။
" ဟုတ်သားပဲ၊ မောင်ထွဋ်ခေါင် အလုပ်ကပြန်လာတာ ပင်ပန်းနေရောပေါ့၊ သွားလေ ရူပါ.. သံပုရာရည်လေးဖျော်ပေးလိုက် "
" သောက်ချင်ရင် ကိုယ့်ဘာသာဖျော်ပါလားဗျာ၊ ကိုကို့မှာလက်ပါတယ်မလား "
" ဒီကလေး အကြီးကိုဘယ်လိုတွေပြန်ပြောနေတာတုန်း၊ အိမ်ဦးနတ်ကို မစော်ကားရဘူးဟဲ့ "
" ဗျာ.. အဲ့တာတော့များသွားပြီ ကြီးမေရာ..၊ ဘာလို့ ကိုကိုက အိမ်ဦးနတ်ဖြစ်ရမှာလဲ၊ သားလည်း ယောက်ျားပဲ အိမ်ဦးနတ်လုပ်မှာပေါ့ "
စကားအဆုံး အဘွားဖြစ်သူရဲ့လက်က ရူပါ့ နားရွက်ဆီရောက်သွားလေသည်။
" အား.. ကြီးမေ..နာတယ်လို့ "
" အသက်အားဖြင့်လည်း မောင်ထွဋ်ခေါင်ကကြီးတယ်၊ ပြီးတော့ အလုပ်လဲလုပ်နေရတယ်၊ နင်က ထိုင်စားနေတာလေ မဟုတ်ဘူးလား ဟမ် "
" ထိုင်မစားပါဘူးနော်၊ သားလည်းအလုပ်ရှိပါတယ် "
" ဘာအလုပ်လဲ၊ ငပျင်းကျပြီး နေချင်သလိုနေတဲ့အလုပ်လား "
" ဟာ ကြီးမေကလဲ၊ ကိုယ့်မြေးဘက်ကပါမယ်မရှိဘူးဗျာ "
မြေးအဘွားနှစ်ယောက်ဖြစ်နေပုံကို ထွဋ်ခေါင် ထိုင်သာကြည့်နေလိုက်သည်။ ကြီးမေဟုခေါ်သော အဘွားမှာ ရူပါတို့တစ်မျိုးလုံးတွင် ဩဇာအရှိဆုံးသူဖြစ်သည်။ ရူပါ့ကိုလည်း ဖူးဖူးမှုတ်ထားပြီး အချစ်ဆုံးဖြစ်၏။
အခု ကြီးမေက ခရီးကပြန်ရောက်၍ အိမ်ကိုဝင်လာခြင်းဖြစ်သည်။ ရူပါတို့ကတော့ စည်းကမ်းကြီးသော အဘွားရောက်လာ၍ ခြေချုပ်မိနေရှာသည်။ အဘွားရဲ့ကောင်းမှုနဲ့ အပိုးကျိုးနေသော ထိုငဂျစ်ကောင်ကို ရသလောက်တော့ အနိုင်ကျင့်ရမည်။
" ရော့ သောက် "
မျက်စိရှေ့သို့ရောက်လာသော ရနံ့သင်းသင်းနဲ့ သံပုရာရည်ခွက်။
YOU ARE READING
𝙸𝚝'𝚜 𝙾𝚔, 𝚃𝚑𝚊𝚝'𝚜 𝙻𝚘𝚟𝚎〖 Completed 〗
Romanceပထမဆုံးအရေးသားမို့ လိုအပ်ချက်တွေများပြီး ဇာတ်အိမ်ပေါ့ပါတယ်။