// Unicode //
~~~~~~~~~~နေ့လည်ပိုင်းဖြစ်၍ * Han's Cafe * ဆိုင်လေးတွင် လူရှင်းနေသည်။ Customer ၅ယောက်ခန့်သာရှိတဲ့ ဆိုင်လေးအတွင်း အင်္ဂလိပ်သီချင်းငြိမ့်ငြိမ့်လေးဖွင့်ထားသည်။ ဧည့်သည်နှင့်အတူပါလာသည့် ၄ နှစ်လောက်သာရှိမည့် ကလေးလေးတစ်ယောက်မှာ ဆိုင်အတွင်း ပြေးလွှားကာဆော့နေသည်။ ဝန်ထမ်းတွေကတော့ ချစ်စရာကောင်းသည့် ထိုကလေးလေးကို ကြည့်ပြီး အသည်းယားနေကြသည်။
မှာထားသည့် ကော်ဖီခွက်ကိုကိုင်ကာ တိမ်ယံရှင်းသန့် ထွက်လာသည်။ ကော်ဖီခွက်ဆီသာ စိတ်ရောက်နေတာကြောင့် ပြေးနေသည့်ကလေးအား သူသတိမထားမိ။ ကလေးကလည်း အရှေ့ကိုမကြည့်ဘဲ ပြေးလာရင်း မျက်နှာချင်းဆိုင်လျှောက်လာသည့် ရှင်းသန့် ကိုတည့်တည့်ဝင်တိုက်တော့သည်။
ခွက်ကို မြဲမြံစွာကိုင်ထားသောကြောင့် လွတ်မကျသော်လည်း ရှင်းသန့်ကိုယ်ပေါ်သို့ ကော်ဖီပူတွေဖိတ်စင်ကျလာသည်။ ကလေးလေးလည်း လန့်သွားကာ အော်ငိုတော့သည်။
" ဟယ် သားလေး.. ပူသွားလား သား "
ကလေးရဲ့အမေဖြစ်ဟန်တူသည့် အမျိုးသမီးကအနားကိုရောက်လာသည်။ ကိုင်ထားတဲ့ခွက်ဟာ ရှင်းသန့်ဘက်သို့စောင်းကျတာကြောင့် ကလေးကိုလုံးဝမထိခိုက်မိ။ ရှင်းသန့် ကတော့ အတော်လေးပူသွားသည်မှာ မျက်ရည်ပင်ဝဲသည်။
" ဘယ်လိုတောင် နမော်နမဲ့နိုင်ရတာလဲ၊ ကလေးအသားကနုနုလေး အပူလောင်သွားရင် ဘယ်လိုလုပ်မလဲ "
" တောင်းပန်ပါတယ် အစ်မ၊ ကျွန်တော် သတိမထားမိလို့ပါ "
" နင်သတိမထားမိတာ ငါ့သားအပူလောင်တော့မလို့ "
" ကျွန်တော် တောင်းပန်ပါတယ် "
ရှင်းသန့် ခေါင်းငုံ့ကာတောင်းပန်စကားဆိုသော်လည်း ထိုအမျိုးသမီးက ကျေနပ်ပုံမပေါ်။ မိုးသောက်လည်းအနားရောက်လာကာ အမျိုးသမီးအား တောင်းပန်လေသည်။
" တောင်းပန်ပါတယ် အစ်မရယ်၊ ကျွန်တော်တို့လူ တစ်ချက်သတိလွတ်သွားလို့ပါ "
" ကလေးဟဲ့ ကလေး၊ မတော်လို့ အဲ့ဒီအပူတွေ ကလေးမျက်နှာပေါ် စင်ရင်ဘယ်လိုလုပ်မလဲ၊ ဟမ် နမော်နမဲ့နိုင်လိုက်တာ "
YOU ARE READING
𝙸𝚝'𝚜 𝙾𝚔, 𝚃𝚑𝚊𝚝'𝚜 𝙻𝚘𝚟𝚎〖 Completed 〗
Romanceပထမဆုံးအရေးသားမို့ လိုအပ်ချက်တွေများပြီး ဇာတ်အိမ်ပေါ့ပါတယ်။