🍑 Extra - 1 🍑

8.7K 806 75
                                    

// Unicode //
~~~~~~~~~~

First date တဲ့..။ ချစ်သူရည်းစား‌ဘဝမှာ ဒိတ်လုပ်ခြင်းက အရေးပါသည်တဲ့လေ။ ဝိုင်းမင်းဆက်ရဲ့စကားပင်ဖြစ်သည်။ မှန်သင့်သလောက်တော့ မှန်ပါသည်။ အခုဆို တေဇနှင့် ဝိုင်းမင်းဆက်တို့က ချစ်သူတွေဖြစ်နေပြီပဲ။ ဒိတ်လုပ်ဖို့လိုသည်။ ဝိုင်းမင်းဆက်ကိုအလိုလိုက်မိရာ ဒိတ်လုပ်မည့်နေရာက ကစားကွင်းဖြစ်သွားသည်။ ဘယ်လိုတောင် ကလေးဆန်သည့်ကောင်လေးလဲ။

အနက်ရောင်ဦးထုတ်ကို ခပ်ငိုက်ငိုက်ဆောင်းပြီးသည့်နောက်မှာတော့ တေဇ ပြင်ဆင်၍ပြီးသွားသည်။ အိမ်ကထွက်လာချိန်မှာ မနက် ၈ နာရီ။ ဝိုင်းမင်းဆက် ဆီမှ စာတိုတစ်စောင်မျှဝင်မလာ၍ အထူးဆန်းဖြစ်ရသေး၏။ ပုံမှန်ဆို မျက်စိနောက်လောက်အောင် ဖုန်းတွေဆက်၊ စာတွေပို့တတ်သည့်ငချွဲကောင်ဟာ ငြိမ်ချက်သားကောင်းနေသည်လေ။

ချိန်းထားသောနေရာသို့ နံနက် ၉ နာရီထိုးဖို့ မိနစ်ပိုင်းအလိုတွင်ရောက်သွားသည်။

" ကိုကြီး "

ကားကိုပါကင်မှာထိုးပြီးနောက် ဖုန်း‌ခေါ်မည့်အချိန်မှာပဲ ဝိုင်းမင်းဆက်ရောက်လာသည်။ ထုံးစံအတိုင်း လူရောက်မလာခင် " ကိုကြီး " ဆိုသည့်နာမ်စားကို အော်ခေါ်သည့် ငချွဲ။ ပန်းရောင်အာတာပူစီတစ်ခုကိုကိုင်ထားရင်း သူရှိရာသို့လှမ်းလာနေသည်။ အဝါနု‌ရောင်ဟူဒီကို ဒူးနားမှာအပြဲပါသည့်ဂျင်းဘောင်းဘီအရှည်နှင့် တွဲဝတ်ထားသည်။ အတူရှိချိန်တိုင်း ပြုံးနေတတ်သည့်မျက်နှာဟာ ဒီနေ့ ပိုပြီးဝင်းပနေသယောင်။

" စောင့်နေတာကြာပြီလား "

" အင်း နည်းနည်းကြာပြီ "

တကယ်ဆို ချိန်းထားသည့်အချိန်နဲ့ကွက်တိရောက်သူက တေဇပါ။ ငချွဲကောင်ဟာ အရင်ရောက်နေခြင်းပဲဖြစ်သည်။ ညက အိပ်ပျော်ရဲ့လားတောင်မသိ။ သူနဲ့ပက်သတ်လာရင် ဒီကောင်လေးက လိုတာထက်ပိုပြီးစိတ်လှုပ်ရှားတတ်တာ တေဇ အသိဆုံး။

" ဦးထုတ်မချွတ်နဲ့နော် ကိုကြီး "

" ဘာဖြစ်လို့လဲ "

ဟိုကြည့် သည်ကြည့်လုပ်ကာ ခပ်တိုးတိုးဆိုလာသည်။

" ကိုကြီးကချောတာကိုး၊ ကိုကြီးကို သူများတွေကြည့်မှာမကြိုက်ပါဘူး "

𝙸𝚝'𝚜 𝙾𝚔, 𝚃𝚑𝚊𝚝'𝚜 𝙻𝚘𝚟𝚎〖 Completed 〗Where stories live. Discover now