🍑 13 🍑

8.1K 1K 92
                                    

// Unicode //
~~~~~~~~~~

" ကျွန်တော်လုပ်လိုက်ပါ့မယ် "

လက်ထဲကဖန်ခွက်တွေကိုယူကာ အနောက်ခန်းထဲသို့ဝင်သွားသော ရှင်းသန့်ကိုကြည့်ပြီး ခွန်းချိုသာဟန် မျက်ခုံးတို့တွန့်ချိုးသွား၏။ ဒီနေ့ ရှင်းသန့်တစ်‌ယောက်ထူးဆန်းနေသည်။

" ဘာခိုင်းစရာရှိလဲဟင်၊ ရေခဲသွားဝယ်ရဦးမလား အစ်ကို "

" မရှိပါဘူး၊ ဘာမှမဝယ်ရဘူး "

သူပြောလိုက်ပေမယ့် အနားမှမခွာသေးဘဲ ပြုံးပြနေသောကောင်လေးကြောင့် အနေခက်လာသည်။ ဒီကောင်လေးဘာဖြစ်နေလဲမသိ။

နောက်နေ့‌တွေမှာလည်း ရှင်းသန့်ကို သူသတိထားမိသည်။ အရင်လိုမဟုတ်ဘဲ ပိုပြီးသွက်လက်နေ၏။ အရင်ကဆို ရှိမှန်းတောင်မသိရအောင် ငြိမ်နေတတ်သောကောင်လေးက အခုတော့ ဆိုင်မှာသူ့အသံချည်း။ စကားပြောနည်းတဲ့သူက အခုတော့ ဧည့်သည်တွေနဲ့ပါတရင်းတနှီးပြောဆိုနေပြီဖြစ်သည်။

အထူးဆန်းဆုံးကတော့ သူ့အနားကိုရောက်တိုင်း ပြုံးပြီးလိုက်ကြည့်နေခြင်းဖြစ်သည်။ ဒါဟာ ဘာမဟုတ်တဲ့ကိစ္စလေးဆိုပေမယ့် သူ့အတွက်တော့ထူးဆန်းသည်။ အရင်က မျက်လုံးချင်းဆုံဖို့ဝေးစွ သူအနားရောက်သွားရင် အမြဲခေါင်းငုံ့ထားတတ်သောကောင်လေးက အခုများမှာတော့ အကြည့်ချင်းဆုံ‌အောင်တမင်လုပ်နေသည့်အလား။

* မင်းကိုကြိုက်နေတာသေချာတယ် *

ရုတ်တရက် ပြန်ကြားယောင်မိသော ရန်ငြိမ်းဝေရဲ့စကားကြောင့် အလိုလိုပင်ခေါင်းကိုခါရမ်းမိသည်။ မဖြစ်နိုင်တာတွေ..။

" သွားပြီ ကိုခွန်း "

" ဪ..အင်း.. လမ်းမှာဂရုစိုက် "

ဆိုင်သိမ်းချိန်ဖြစ်၍ ဝန်ထမ်းလေးများကနှုတ်ဆက်ကြသည်။ အကုန်ထွက်သွားပြီးမှ အနားသို့ ရှင်းသန့် ရောက်လာသည်။ ထုံးစံအတိုင်း ပြုံးစိစိမျက်နှာပေးလေးဖြင့်..။

" အစ်ကို မပြန်သေးဘူးလားဟင် "

" အင်း စာရင်းစစ်စရာလေးရှိသေးလို့ "

" ကျွန်တော်နေပေးရဦးမလား "

" ဘာအတွက်လဲ "

𝙸𝚝'𝚜 𝙾𝚔, 𝚃𝚑𝚊𝚝'𝚜 𝙻𝚘𝚟𝚎〖 Completed 〗Where stories live. Discover now