🍑 48 🍑

7.4K 897 63
                                    

// Unicode //
~~~~~~~~~~

" သရဲကားကြည့်မလား ဟန် "

ရှင်းသန့်မေးတော့ သူခေါင်းသာညိတ်ပြလိုက်သည်။ ကြည့်စရာဇာတ်ကားတွေ ၆ ကားလောက်ရှိတာ ဘာ‌ကြောင့်များ သရဲကားကိုမှရွေးလဲဆိုတာတော့ သူမသိ။

" ရုပ်ရှင်ချိန်က ၉ နာရီ "

နောက်ထပ် မိနစ်၂၀ ခန့်လိုသေးသည်။

" မုန့်သွားဝယ်မယ်လေ "

" ဟုတ် "

မုန့်ဝယ်တော့လည်း ရှင်းသန့်စားချင်တာပဲဝယ်ပေးဖြစ်သည်။

" ဟန်.. ကျွန်တော် mochi စားချင်တယ် "

" အင်း စားလေ "

mochi ဆိုတဲ့ အိစိအိစိမုန့်လေး‌တွေကို ရှင်းသန့် ကြိုက်တာအရင်တည်းကသတိထားမိသည်။ မုန့်ထုတ်တွေပိုက်ထားတာမြင်တော့ မနေနိုင်တဲ့သူကပဲ ဝိုင်းသယ်ပေးလိုက်ရသည်။

ဒီကလေး ရုပ်ရှင်ကြည့်မှာလား။ မုန့်ဝင်စားမှာလားမသဲကွဲ။

မုန့်ဝယ်ပြီးတော့ ဝင်ရမည့်ရုံအနားက ခုံတန်းတွေမှာ ထိုင်ကြသည်။ ‌ဘေးက ရှင်းသန့်ကတော့ ရုံထဲမရောက်သေး မုန့်ဘူးကိုဖောက်နေပြီ။ သူကြိုက်တဲ့ mochi တွေကိုကြည့်ပြီး ပြုံးသွားတာများ လိုချင်တာရတဲ့ ကလေးငယ်လို။

တမြုံ့မြုံ့စားနေတာ ပါးလေးတွေကဖောင်းလိုက်ပိန်လိုက်နှင့် အသည်းယားစရာ။ အဲ့ဒီပါး‌လေးတွေက သူစား‌‌နေတဲ့ mochi လေးတွေလိုပဲ အိအိကလေးဖြစ်နေမလား..။ နေဦး.. အခု ဘာတွေတွေးနေတာလဲ။

" ဟန်.. စားကြည့်မလားဟင် "

သူ့ကိုကြည့်နေမိတာ စားချင်လို့ကြည့်တယ်များ တွေးလိုက်သလားမသိ။

" မင်းပဲစားပါ "

ရေးဘူးအဖုံးဖွင့်ပေးပြီး အနားချထားပေးတော့ " ကျေးဇူးပါ " တဲ့။

ရှင်းသန့်လည်းမုန့်စားလို့အပြီး ရုပ်ရှင်ချိန်လည်းအရောက် ကွက်တိပင်။ ဝယ်ထားသည့် လက်မှတ်က နောက်ဆုံးတန်းရဲ့ အရှေ့က ထောင့်ကျသည့်နေရာ။ မုန့်ထုတ်တွေကို သူကပဲကိုင်ထားပေးပြီး လက်တစ်ဖက်ကလည်း ရှင်းသန့် မချော်လဲစေရန် တွဲထားမိသည်။ ရုပ်ရှင်ရုံထဲမှာ မှောင်နေ‌သည်မို့။

𝙸𝚝'𝚜 𝙾𝚔, 𝚃𝚑𝚊𝚝'𝚜 𝙻𝚘𝚟𝚎〖 Completed 〗Where stories live. Discover now