🍑 36 🍑

7.7K 840 60
                                    

// Unicode //
~~~~~~~~~~

" ပြန်တော့မှာလား "

အနားကိုရောက်လာ‌သောသူကို မိုးသောက် တစ်ချက်သာကြည့်လိုက်ပြီး ကိုယ့်လမ်းကိုယ်ဆက်လျှောက်လာသည်။

" မင်းမသိဘူးလား၊ ပြန်ဖို့ ferry စီစဉ်ပေးထားတယ်လေ "

" ဘယ်မှာလဲ "

" ဒီမှာလေ "

သူ့ကိုယ်သူလက်ညှိုးထိုးပြသောကြောင့် မိုးသောက် အလိုလိုမျက်မှောင်ကြုတ်မိသွားသည်။ ဒီလူနှင့်မတည့်တာ ဒါတွေလဲပါသည်။ စကားကိုအတည်အတံ့မပြောဘဲ အမြဲပြောင်ချော်ချော်နှင့်သူ့ကို မိုးသောက်လုံးဝကြည့်မရ။

" ငါလိုက်ပို့‌မယ် "

" မလိုဘူး "

" ဒီအချိန် bus ကလူကြပ်တယ်လေ၊ အနံ့အသက်တွေနဲ့ စိတ်ညစ်စရာကြီးကို "

" ဒီလိုပဲပြန်နေကျ "

" ငါ့ကိုကြောက်လို့လား "

" ဘယ်လို "

မိုးသောက် နားမလည်သလိုပြန်မေးတော့ သူကရှူတည်တည်ပြန်ကြည့်ကာဆိုသည်။

" ငါ့ကိုကြောက်လို့ အခုလိုငြင်းနေတာမလား "

" ဘာလို့ကြောက်ရမှာလဲ ခင်ဗျားကို "

" မကြောက်ရင် ငါ့ကားထဲဝင်လိုက်လေ "

ပြောပြီး ကားတံခါးဖွင့်ပေး၏။ မိုးသောက်မှာပြောစရာစကားမရှိတော့လောက်အောင် ဆွံ့အနေမိသည်။ သူဘာလို့ ဒီလူနဲ့ပက်သတ်မိပါလိမ့်..။

" မင်းကို အလုပ်အကြောင်းပြောချင်လို့ပါ "

နောက်ဆုံးတော့ မိုးသောက်ပဲလက်လျှော့ကာ သူ့ကားထဲရောက်သွားသည်။

" ဘာအလုပ်ကိစ္စလဲ "

" ငါ့ရည်စား‌လေ၊ လုပ်မလား "

" ဘာ "

မိုးသောက် အသံမှာအနည်းငယ်ကျယ်သွား၏။ သူက လက်တကာကာလုပ်ရင်း ပြန်ဖြေရှင်းလေသည်။

" ‌နေဦး.. ငါပြောလို့မပြီးသေးဘူး၊ ရည်းစားဆိုတာက ဟိုလိုမျိုးကွာ.. ဟို.. အချိန်ပိုင်းရည်းစား.. "

" ခင်ဗျား !! "

ဆောင့်တက်လာသာဒေါသနှင့်အတူ လက်သီးကလဲလျင်မြန်စွာ ရွေ့လျား‌လေသည်။ သူကလဲသွက်လက်စွာပဲ မိုးသောက်ရဲ့လက်ကို ဖမ်းချုပ်လိုက်၏။

𝙸𝚝'𝚜 𝙾𝚔, 𝚃𝚑𝚊𝚝'𝚜 𝙻𝚘𝚟𝚎〖 Completed 〗Where stories live. Discover now