// Unicode //
~~~~~~~~~~" ကိုကြီး.. ဘယ်မှမသွားဘူးလား "
ဝိုင်း မေးတာကို ကိုကြီးကပြန်မဖြေ။
" ကိုကြီး.. သီတင်းကျွတ်ဆိုတော့ ဘုရားသွားရအောင်လေ "
မဖြေသေး။
" ကိုကြီး ဝိုင်းမေးတာ မဖြေဘူးလား "
" ခဏလေး... ခဏလေး.. တိတ်တိတ်နေပေးပါ ဝိုင်းမင်းဆက်ရယ်၊ မင်းကိုအာရုံစိုက်နေရင် ဒီမှာလက်ချော်ကုန်တော့မယ် "
ကိုကြီးကတက်တူးထိုးနေတာကို ဝိုင်း တစ်ချက်လေးမေ့သွားသည်။ ရာဘာလက်အိတ်အနက်ရောင်စွပ်ထားပြီး တက်တူးစက်ကို ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်ထားတဲ့ ကိုကြီး။ စူးရှတဲ့အကြည့်တွေနဲ့ ကိုကြီးဟာ တက်တူးထိုးတဲ့ဆီမှာ အတော်လေးအာရုံစိုက်ထားမှန်းသိသာသည်။
တက်တူးအထိုးခံသည့်လူက မိန်းကလေး။ ထိုးသည့်နေရာက ပေါင်မှာဖြစ်သည်။ မပေါ်တပေါ်အဝတ်စားနဲ့ ထိုမိန်းကလေးဟာ ကိုကြီးကိုပြုံးပြီးကြည့်နေလေသည်။ ဘေးက သူမနှင့်အတူပါလာသည့် အပေါင်းသင်း မိန်းကလေးတွေရဲ့အကြည့်တွေဟာလည်း ကိုကြီးဆီမှာသာဖြစ်သည်။
ဒီလိုမျိုး ကိုကြီးကိုကြည့်နေတာတွေ ဝိုင်းသဘောမကျ။ ကိုကြီးကတော့ သူ့ကိုကြည့်နေတာ သိမယ့်ပုံမပေါ်ပါ။
" မုန်းချင်စရာကြီး "
ဝိုင်း တိုးတိုးလေးရေရွတ်ပြီး စိတ်ပျက်လက်ပျက်ဖြင့် အခန်းထဲမှထွက်လာခဲ့သည်။ ကိုကြီးရဲ့ သူငယ်ချင်းဖြစ်သူက ဖုန်းသုံးနေသည်။ လာပါများလွန်း၍ သူနှင့်လည်း ရင်းနှီးနေပြီဖြစ်သည်။ အခွင့်ရေးရတုန်းတော့ ကိုကြီးအကြောင်းလေး တီးခေါက်ကြည့်ရမည်။
" ကိုဇံ "
မော့ကြည့်လာ၍ ဝိုင်းလည်းပြုံးပြကာ ဘေးတွင်ဝင်ထိုင်လိုက်သည်။
" ကိုဇံ ဒီအတိုင်းပဲကြည့်နေတော့မှာလား "
" ဘာကိုလဲ "
" ဝိုင်း ကိုကြီးကိုလိုက်နေတာသိတယ်မလား၊ အဲ့ဒါ ဒီတိုင်းပဲကြည့်နေတော့မှာလား၊ ကိုဇံ့သူငယ်ချင်းကို နည်းနည်းလောက်နားချဦးလေဗျာ "

YOU ARE READING
𝙸𝚝'𝚜 𝙾𝚔, 𝚃𝚑𝚊𝚝'𝚜 𝙻𝚘𝚟𝚎〖 Completed 〗
Romanceပထမဆုံးအရေးသားမို့ လိုအပ်ချက်တွေများပြီး ဇာတ်အိမ်ပေါ့ပါတယ်။ ယုတ္တိမရှိတာမို့ စဉ်းစားပြီးမှဖတ်ပါ ^^