// Unicode //
~~~~~~~~~~ခွန်းချိုသာဟန်နှင့် တိမ်ယံရှင်းသန့်တို့ နှစ်ယောက်တည်းရှိသောထမင်းစားခန်းလေးမှာ တိတ်ဆိတ်လျှက်ရှိသည်။ မျက်နှာလည်းမကောင်းသလို စားနေတာစိတ်ပါပုံမရသော ရှင်းသန့်ကို ချိုသာကအကဲခတ်နေ၏။ အရင်နေ့ကမုန်လာဥနီမြင်လျှင် အားပါးတရစားတတ်သောကောင်လေးက အခုတော့သူကြိုက်တဲ့အစားစာကိုပင်မထိ။ သူလည်းမနေသာတော့ဘဲ မေးကြည့်ရန်ဆုံးဖြတ်လိုက်သည်။
" ရှင်းသန့် "
အတွေးလွန်နေပုံရသောကောင်လေးမှာ သူခေါ်တာကိုမကြား။
" ရှင်းသန့် "
" ဗျာ.. ဗျာ အစ်ကို "
" စားလို့မကောင်းဘူးလား "
" ကောင်းပါတယ် "
" ဒါဆိုနေမကောင်းဘူးလား "
" နေလဲကောင်းပါတယ် "
" မင်းကိုကြည့်ရတာ တစ်ခုခုဖြစ်နေသလိုပဲ၊ ဘာဖြစ်လို့လဲ ပြော "
ညှိုးငယ်နေသောမျက်နှာလေးကို ကြည့်ကာမေးလိုက်တော့ ထုံးစံအတိုင်းအသံတိုးတိုးလေးဖြင့်ပြောလာသည်။
" ရှင်းပေါက်စလေးကိုလွမ်းလို့ "
" ဟမ်.. ဘယ်သူ "
" ရှင်းပေါက်စလေး.. "
" ရှင်းပေါက်စလေးဆိုတာက "
" အာ..ကျွန်တော့်ယုန်လေးပါ "
အခုမှပဲ ဒီကောင်လေးဘာဖြစ်နေတယ်ဆိုတာ သူနားလည်သွားတော့သည်။
" ရှင်းသန့် အိမ်မှာရှိလား "
သူမေးလိုက်တော့ခေါင်းညိတ်သည်။
" ကိုယ်သွားယူပေးမယ်လေ "
ထိုစကားကြောင့် ပြောင်းလဲသွားသောမျက်နှာလေးက ပျော်သွားတာသိသာသည်။ သို့သော်လည်း ချက်ချင်းဆိုသလို မျက်နှာငယ်လေးပြန်ဖြစ်သွားပြန်၏။
YOU ARE READING
𝙸𝚝'𝚜 𝙾𝚔, 𝚃𝚑𝚊𝚝'𝚜 𝙻𝚘𝚟𝚎〖 Completed 〗
Romantikပထမဆုံးအရေးသားမို့ လိုအပ်ချက်တွေများပြီး ဇာတ်အိမ်ပေါ့ပါတယ်။