🍑 15 🍑

8.5K 1K 87
                                    

// Unicode //
~~~~~~~~~~

" ချောလိုက်တာ.. နင်ငါ့ကို ဆိုင်ကိုခေါ်မလာချင်တဲ့ အကြောင်းရင်းကိုသိပြီ ခွန်း "

" အေး သိရင်ပြီးတာပဲ "

ညီမဖြစ်သူ ဆိုင်ကိုလိုက်လာ၍ ခွန်းချိုသာဟန်တို့ မျက်စိနောက်နေသည်။ ၂ နှစ်ငယ်သော ညီမက သူ့ကို " နင် နဲ့ ငါ " လို့သာသုံးပြီး ပြင်ခိုင်းလို့လဲမရ။ မောင်နှမအရင်းအချာတွေဆိုသော်လည်း နှစ်ယောက်သား စိတ်ချင်းမတူ။ ခွန်းချိုသာဟန် တည်ငြိမ်အေးဆေးသလောက် ညီမဖြစ်သူ နွေးနေခြည်ဟန် မှာ စပ်စလူးနတ်ပူးဖြစ်၏။ အခုလည်း ဆိုင်ကိုလိုက်လာပြီး သူ့ဝန်ထမ်းတွေနှင့်တစ်ယောက်မကျန် အကုန်မိတ်ဆက်နေပြန်သည်။

" မမက နေခြည် "

" တိမ်ယံရှင်းသန့်ပါဗျ "

" အိုး.. နာမည်လေးကလှလိုက်တာ ပြီးတော့ uke type လေး "

" ဗျာ "

နေခြည့်စကားကြောင့် ကြောင်အမ်းအမ်းဖြစ်သွားသော ရှင်းသန့်။

" သူများကိုမဟုတ်တာတွေပြောမနေနဲ့ နေခြည်၊ မပြန်သေးဘူးလား "

" ဟယ် အခုပဲရောက်တာကို "

" ပြန်တော့၊ နင်သွားစရာရှိသေးတယ်မလား "

နေခြည့်ကိုလက်ကဆွဲကာ ခေါ်လာရင်း ဆိုင်အပေါက်ဝတွင်တည့်တည့်တိုးတာက ရန်ငြိမ်းဝေ။

" ရော့ "

ရန်ငြိမ်းဝေ ကမ်းပေးလာသည်က chocolate syrup ဘူးတွေ။

" ဘာလဲ ဒါက "

" ငါလာတာနဲ့ မင်းဆိုင်က chocolate syrup ကုန်တတ်တယ်လေ၊ လမ်းကြုံလို့ တစ်ခါတည်းဝယ်လာပေးတာ "

ခွန်းချိုသာဟန်တစ်ယောက် ခွေးအ,ကြီး လှည်းနင်းခံရသလို ပြောစရာစကားများ‌ပျောက်ရှသွားသည်။ အနောက်ကဝန်ထမ်းလေးများရဲ့ တခွိခွိကြိတ်ရယ်သံများလည်းထွက်လာ၏။

" နေခြည်လည်းရောက်နေတာပဲ "

နေခြည်က သူ့လက်ကိုဖြုတ်ချပြီး ရန်ငြိမ်းဝေအနားကပ်သွားသည်။

" ကိုရန်ငြိမ်း.. နေခြည် အဆင်လေးတွေ့ထားတယ် "

" ဒီနေရာမှာ.. အဆင်လေးဆိုတော့.. ဖြူကောင်လေးများလား "

𝙸𝚝'𝚜 𝙾𝚔, 𝚃𝚑𝚊𝚝'𝚜 𝙻𝚘𝚟𝚎〖 Completed 〗Where stories live. Discover now