🍑 22 🍑

8K 931 75
                                    

// Unicode //
~~~~~~~~~~

" နေခြည်.. ငါခဏ စကားပြောချင်လို့ "

‌နွေးနေခြည်ဟန်က ဖုန်းကိုကြည့်ပြီး မျက်နှာကပုံစံမျိုးစုံဖြစ်နေသည်။ အစ်ကိုဖြစ်သူရဲ့ စကားကိုကြားပုံတောင်မရ။

" နေခြည်.. "

" အေး..ပြောလေ ခွန်း "

" နောက်မှပြန်ကြည့်ဟာ "

" ပြောပါဆိုနေ.. ငါနားထောင်နေတယ် "

ပါးစပ်ကပြောသော်လည်း မျက်လုံးကဖြင့်ဖုန်းဆီမှမခွာ။ ဒီလောက်ဆို နေခြည်တို့ ဘာတွေကြည့်နေလဲဆိုတာ သူသိလိုက်ပြီဖြစ်သည်။

" အရေးကြီးတယ် နေခြည်ရဲ့ "

" ကဲ..ပြော.. အရေးကြီးတယ်ဆိုတော့ နင်ဘယ်‌ေကာင်လေးနဲ့ အိပ်မိသွားလဲ ပြော "

နေခြည့်စကားကြောင့် သူမျက်လုံးပင်ပြူးသွားရ၏။ သူ့ပုံစံက အရမ်းသိသာနေသလား။

" အဲ့ဒါက.. ဟို.. လူတိုင်း အမှားနဲ့မကင်းတာ.. နင်သိတယ်မလား.. "

" ‌အေး "

" အဲ့ဒါ.. ငါလည်း ပုထုစဉ်လူသားပဲဟာ၊ အဲ့‌တော့.. လူသားတိုင်း.. အမှားမကင်းဘူးဆိုတော့.. ဟို.. ငါလည်း.. အမှားလုပ်မိနိုင်တာပဲ.. "

နေခြည့်မျက်နှာတွင် စိတ်မရှည်ခြင်းအရိပ်ယောင်တွေမြင်နေရ၍ ခွန်းချိုသာဟန် တံတွေးသာမျိုချမိသည်။

" ဟို.. လောကကြီးမှာ.. ကိုယ်ကြိုမသိနိုင်တာတွေ.. အဲ့..အဲ့လိုတွေ.. ရှိတာပဲလေ.. ဘာဖြစ်မလဲဆိုတာ.. ကြိုမသိနိုင်ဘူးလေ.. အဲ့တော့.. "

" အဲ့တော့ နင်ဗေဒင်မေးချင်‌လို့လား "

" မဟုတ်ပါဘူး "

" လိုရင်းကိုပြောစမ်း ခွန်း၊ စိတ်မရှည်ရင် ယောက်ျားပေးစားပြီး bottom ထိုင်ခိုင်းပစ်မှာနော်.. "

ညီမက အစ်ကိုကိုပြန်ကြိမ်းနေတာဟာ အနည်းငယ်တော့မခံချင်စရာကောင်းသည်။ ‌သို့သော်လည်း ဒီအချိန်မှာ နေခြည့်ကိုပြန်မပြောရဲသေး။ မေမေ့ကိုညှိဖို့ဆိုရင် သူမရဲ့အကူညီလည်းလိုအပ်သည်လေ။

" အဲ့ဒါကဟာ.. ငါ.. မတော်တဆ.. ဟို..မရည်ရွယ်ဘဲ.. မထင်မှတ်ဘဲနဲ့... ငါ..ဟို..ဟိုလိုဖြစ်သွားတာ.. "

𝙸𝚝'𝚜 𝙾𝚔, 𝚃𝚑𝚊𝚝'𝚜 𝙻𝚘𝚟𝚎〖 Completed 〗Where stories live. Discover now