// Unicode //
~~~~~~~~~~" ခင်ဗျား.. ရရဲ့လား၊ ခေါင်းမော့ထားနော် "
ဆိုဖာပေါ် နောက်မှီကာထိုင်ခိုင်းပြီး နှာခေါင်းကိုရေခဲကပ်ပေးနေတဲ့ မိုးသောက်။ စိုးရိမ်သည့်အရိပ်ယောင်များရှိနေသေးသည့် မျက်ဝန်းများကိုငေးကြည့်ရင်း ရန်ငြိမ်းဝေမှာ ထပ်ခါတလဲလဲပြုံးနေမိတော့သည်။
" အဆင်ပြေပါတယ် "
" ခင်ဗျား.. တစ်ခုခုဖြစ်နေတာလား "
" ဒီတိုင်း နှာခေါင်းသွေးလျှံတာပါ "
မယုံသလိုကြည့်နေသေးသည့် မျက်ဝန်းတွေကြောင့် တစ်ချက်ရယ်ရင်း ဆိုလိုက်သည်။
" မင်းက ငါ့ကိုသွေးကင်ဆာတွေ ဘာတွေရှိတယ်လို့တွေးနေတာလား၊ drama တွေကြည့်တာများနေပြီ "
" ကျွန်တော့်ကိုမပြောချင်လို့လား "
" မဟုတ်ပါဘူးကွာ၊ တကယ်အကောင်းကြီးပါ၊ ဒါနဲ့.. ကိုယ့်ကိုစိတ်ပူသွားတာလား "
အနားကပ်ကာ ပြောင်စပ်စပ်မျက်နှာပေးနှင့်မေးလိုက်တော့ ထုံးစံအတိုင်း မျက်မှောင်ကြုတ်ကာမျက်နှာလေးကမဲ့သွားသည်။
" ငါတို့လေ.. ချစ်သူရည်းစားတွေလိုဟန်မဆောင်ဘဲ တကယ်ချစ်သူတွေလုပ်မလား "
လေထုကအေးစက်လာသလိုရှိသည်။ အကြည့်တွေက ရန်ငြိမ်းဝေတစ်ယောက် နေရာမှာတင်ရေခဲသွားနိုင်၏။
" မြန်မြန်ဟင်းချက်မှာမို့လို့ ခဏလေးပဲစောင့် "
" ကျွန်တော် ယောကျာ်းလေးချင်းစိတ်မဝင်စားဘူး "
ထိုစကားကြောင့် မီးဖိုချောင်သို့ဦးတည်နေသော ရန်ငြိမ်းဝေရဲ့ခြေလှမ်းတွေတန့်သွားသည်။
" အဲ့ဒါကြောင့် ခင်ဗျားဆီမှာမူမမှန်တဲ့အတွေးတွေရှိနေရင် ထုတ်လိုက်ပါ "
ပြန်လှည့်လာသောအခါ သူ့ရဲ့မျက်နှာတွင် မပီအသအပြုံးတစ်ခုကနေရာယူထား၏။ အနားသို့လျှောက်သွားကာ မိုးသောက်ရဲ့မေးဖျားလေးကို အသာယာပင့်ယူလိုက်ပြီး စကားဆိုသည်။
" ယောက်ျားလေးချင်းစိတ်မဝင်စားတာ မင်းလေ၊ ငါကတော့စိတ်ဝင်စားတယ်၊ ဒီတော့ ငါ့ကိုဘာလုပ်ရမယ်ဆိုပြီး မင်းအမိန့်ပေးလို့မရဘူး ဟုတ်ပြီနော် "
YOU ARE READING
𝙸𝚝'𝚜 𝙾𝚔, 𝚃𝚑𝚊𝚝'𝚜 𝙻𝚘𝚟𝚎〖 Completed 〗
Romanceပထမဆုံးအရေးသားမို့ လိုအပ်ချက်တွေများပြီး ဇာတ်အိမ်ပေါ့ပါတယ်။