🍑 68 🍑

7.4K 824 57
                                    

// Unicode //
~~~~~~~~~~

" ဟန်.. ကျွန်တော် ကြောက်တယ် "

" ကိုယ်တစ်ယောက်လုံးရှိပါတယ် ရှင်းသန့်ရဲ့ "

အေးစက်နေသောလက်လေးကို ခပ်တင်းတင်းလေးဆုပ်ကိုင်ကာ ခွန်းချိုသာဟန်ကဦးဆောင်ပြီး ခြံထဲသို့ဝင်လာခဲ့သည်။ လက်တစ်ဖက်တွင်လည်း ကန်တော့ခြင်းလေးကိုဆွဲလျှက်။

" အန်တီ "

စာဖတ်နေသော အန်တီ တစ်နည်းအားဖြင့် ရှင်းသန့်ရဲ့အမေဖြစ်သူက ခေါ်သံကြောင့်လှည့်ကြည့်လေသည်။ နှစ်ဦးသားကိုတွေ့လိုက်၍ အနည်းငယ်တော့ အံ့ဩသွားမှာ အသေချာပင်။ တစ်အိမ်လုံးမှာ အန်တီတစ်ယောက်တည်းရှိပုံရသည်။ ရှင်းသန့်ရဲ့ လက်လေးကိုဆွဲကာ အိမ်ပေါ်သို့တက်သွားလိုက်ပြီး အန်တီ့အနားတွင် ‌‌နေရာယူလိုက်သည်။

" ကျွန်တော်တို့ အန်တီ့ကိုလာကန်တော့တာပါ၊ ရှင်းသန့်ရဲ့ဆန္ဒလည်းပါပြီး ကျွန်တော်ကိုယ်တိုင်ကလည်း ကန်တော့ချင်လို့ပါ "

" မလိုဘူး ပြန်ကြ "

" အဲ့လိုတော့မလုပ်ပါနဲ့ အန်တီရယ်၊ ကျွန်တော်တို့ကန်တော့တာကိုတော့ လက်ခံပေးပါ "

" ပြန်ကြတော့လို့ပြော‌နေတယ်လေ၊ ထွက်သွား "

" အန်တီ.. ‌ကျွန်တော်တောင်းပန်ပါတယ် " 

ဆုပ်ကိုင်ထားတဲ့လက်လေးမှာ ရုန်းထွက်ချင်နေသည်။ ခေါင်းငုံ့ထားတဲ့ ကောင်လေးမှာ မျက်ရည်တွေဝဲနေပြီလား‌ဆိုတာ စိတ်ပူရသည်။

" ကျွန်တော်တို့ ကန်တော့တာကိုလက်ခံပေးပါလား အန်တီ "

" လက်မခံနိုင်ဘူးဟယ် ငါ့မှာသားဆိုလို့တစ်ယောက်ပဲရှိတော့တယ် "

တုန်ယင်လာတဲ့ လက်လေး။

" ရှင်းတောင်းပန်ပါတယ် မေမေ၊ ခွင့်လွှတ်ပေးပါနော် "

ရှိုက်သံနဲ့အတူထွက်လာသော စကားလုံးများ။ ရှင်းသန့်ကို မိသားစုနဲ့ပြန်အဆင်ပြေစေချင်တဲ့စိတ်ကြောင့်ခေါ်လာခဲ့ပေမယ့် အခုလိုငိုနေရင် သူ့မှာရင်ထဲမကောင်းနိုင်။

" မငိုနဲ့နော် ရှင်းသန့် ၊ ဘာမှမဖြစ်ဘူး..  "

မျက်နှာလေးကိုဆွဲမော့ကာ ပါးပေါ်ကာမျက်ရည်တွေကို ဖယ်ရှားပေးမိသည်။ ငိုလိုက်တိုင်း နှာဖျားလေးတွေပါ နီရဲလာတတ်တဲ့ ကောင်လေး။

𝙸𝚝'𝚜 𝙾𝚔, 𝚃𝚑𝚊𝚝'𝚜 𝙻𝚘𝚟𝚎〖 Completed 〗Where stories live. Discover now