🍑 71 🍑

7.5K 783 66
                                    

// Unicode //
~~~~~~~~~~

နှစ်ခြိုက်စွာအိပ်မောကျနေသော ကိုကြီးကိုကြည့်ရင်း ဝိုင်း ပြုံးနေမိတာမကြာခဏ။ မူးရင်အိပ်ပျော်သွားတတ်တဲ့လူစားမျိုးဆိုတာသိလိုက်ရတော့ ဝိုင်းမှာငိုရခက်၊ ရယ်ရခက်ပင်။ အတူတူ ရင်ခုန်စရာကောင်းတဲ့အချိန်လေးတွေဖြတ်သန်းချင်ပါတယ်ဆိုကာမှ ကိုကြီးက သူ့ဘေးမှာ အတော်လေးအိပ်မောကျ‌နေပြီ။ သူလုပ်နိုင်တာဆိုလို့ အိပ်ပျော်နေသော ကိုကြီးရဲ့မျက်နှာကို ငေးကြည့်နေရုံသာ..။

ဝိုင်း လောက်အသားမဖြူသော်လည်း သိပ်ညိုနေတာမျိုးမဟုတ်တဲ့ ကိုကြီးရဲ့အသားရည်ဟာစိုပြေသည်။ ရှည်လျားသောမျက်တောင်စင်းစင်း‌တွေ ကိုကြီးမှာရှိသည်။ အနက်ရောင်နားကွင်းလေးကို ညာဘက်နားတစ်ဖက်တည်းမှာပန်ထားတာ ကိုကြီးရဲ့စတိုင်လ်လား။ ‌ထူထဲသောမျက်ခုံးနက်တွေနှင့် နှာတံစင်းစင်းကိုလည်း ဝိုင်းသဘောကျသည်။ ဝိုင်းနဲ့ရှိနေချိန်မှာ အပြုံးအရယ်မရှိတတ်သော နှုတ်ခမ်းတစ်စုံကိုလည်း သဘောကျသည်။ ကိုကြီးဆီမှာရှိတဲ့ အရာအားလုံးကို ဝိုင်သဘောကျနေမိသည်။

ဆန့်တန်းထားသောလက်မောင်းပေါ်သို့ ဝိုင်း ခေါင်းလေးကိုဖွဖွတင်ကာ လှဲချလိုက်သည်။ ကိုကြီးရဲ့ ရင်အုပ်ကျယ်ကျယ်ဟာ ဝိုင်းရဲ့မျက်နှာအနီးမှာ။ အနီးဆုံးအနေထားနဲ့ တွေ့မြင်နေရသည့် မျက်နှာချောချောကြောင့် ဝိုင်း ရင်တွေခုန်လာသည်။ Adam's apple လို့ခေါ်သော လည်စေ့နေရာလေးသို့ကြည့်မိချိန်မှာ ဝိုင်း တံတွေးမျိုချမိသွားသည်။

လူတစ်ယောက်လုံး မျက်စိရှေ့ရောက်နေတာတောင် ဘာကိုစောင့်နေရမှာလဲ !!

အခြေနေတစ်ခုကိုစတင်ချင်သည့်စိတ်နှင့် တားမြစ်နေသည့်စိတ်ဟာ အတွေးထဲမယ် လွန်ဆွဲနေသည်။ လက်ညှိုးလေးဖြင့်သာ ပါးပြင်ကိုတို့ထိလိုက်တာဖြစ်ပေမယ့် ဝိုင်းရဲ့နှလုံးသားလေးကခုန်ပေါက်လာသည်။ ထိုမှတဆင့် ကိုကြီးရဲ့‌အနည်းငယ်ထူသောအောက်နှုတ်ခမ်းလေးကို ခပ်ဖွဖွထိတို့လိုက်သည်။ ရေဆာသလိုလိုခံစားချက်ဟာ ဘာကိုဦးတည်တယ်ဆိုတာ ဝိုင်းနားလည်သည်။ သို့ပေမယ့် သူ့ဘက်ကစလိုက်ရင် ကိုကြီးစိတ်ဆိုးသွားမှာကြောက်သည်။ ရွံရှာပြီးအထင်‌သေးသွားမှာကိုလဲ စိုးရိမ်သည်။

𝙸𝚝'𝚜 𝙾𝚔, 𝚃𝚑𝚊𝚝'𝚜 𝙻𝚘𝚟𝚎〖 Completed 〗Where stories live. Discover now