🍑 16 🍑

8.1K 1K 61
                                    

// Unicode //
~~~~~~~~~~

* အစ်ကိုက လက်ထပ်တော့မှာတဲ့ *

အဆုံးသတ်နားတိမ်ဝင်သွားပြီးနောက် ထွက်ပေါ်လာသောရှိုက်သံသဲ့သဲ့ကြောင့် ရူပါစိတ်ညစ်သွား၏။ အနားမှာရှိရင်လည်း သေချာနှစ်သိမ့်ပေးလို့ရသည်။

" အဲ့တော့ မင်းဘာဆက်လုပ်မလဲ ရှင်းသန့် "

* ငါအလုပ်ထွက်တော့မယ်၊ အစ်ကို့နားမှာမနေတော့ဘူး *

" ဒါဆို လက်လျှော့တော့မှာပေါ့ "

တစ်ဖက်မှ အသံတိတ်သွားသောကြောင့် ရူပါ ပြုံးမိသည်။ ပြတ်သားနိုင်တာလဲမဟုတ်ဘဲ..။

" ငါမေးမယ် ရှင်းသန့်၊ မင်း ကိုခွန်းကိုပိုင်ဆိုင်ချင်လား "

တော်ရုံနဲ့ မတုံ့ပြန်။ ရူပါ ဆက်ပြောလိုက်သည်။

" ပိုင်ဆိုင်ချင်ရင်တော့ မင်းကြိုးစားရတော့မယ်၊ အချိန်မရှိတော့ဘူး "

* ငါ..ဘာလုပ်ရမှာလဲ *

" ဟက်.. ဒီလိုမှပေါ့၊ မနက်‌ဖြန်မှတွေ့ပြီး‌ပြောမယ် "

ဖုန်းချလိုက်ပြီး တစ်ဖက်သို့အလှည့်မှာ အခန်းဝတွင်ရပ်နေသော ထွဋ်ခေါင်အားတွေ့လိုက်ရသည်။ ရူပါ လည်းလျစ်လျှူရှုထားလိုက်ပြီး tiktok ရိုက်ရန်ပြင်သည်။ သီချင်းနှင့်အလိုက်ဆော့နေရင်း အနောက်မှာ တောင့်တောင့်ကြီးရပ်နေသော လူသားဟာ video ထဲတွင် ကန့်လန့်ကြီးပါနေ၏။ 

" ဘာကြည့်နေတာလဲ၊ ဒီမှာ tiktok ရိုက်နေတယ်လေ "

" မင်းညစာမစားရသေးဘူး "

လက်ပိုက်ကာ နံရံကိုမှီလျှက်ပြောလာသူ။ ရူပါ စိတ်အိုက်သွားသည်။ ဒီရက်ပိုင်း ထွဋ်ခေါင်က အမေတစ်ယောက်လို မျက်စိဒေါက်ထောက်ကြည့်နေတတ်သည်။ မဟုတ်သေး.. မေမေတောင် သူ့လောက် လိုက်ကြည့်မနေပါ။

" ကျွန်တော် မဆာသေးဘူး "

" နောက်ကျနေပြီလေ "

" မဆာပါဘူးဆိုဗျာ "

ရူပါပြောပြီး tiktok ဆက်ရိုက်သည်။ ရိုက်နေရင်း အင်္ကျီလှန်လိုက်သောအခါ ရူပါ့အနားသို့ ထွဋ်ခေါင်လှစ်ခနဲရောက်လာသည်။ လှန်ထားတဲ့အင်္ကျီကိုပါ ဆွဲချနေ၍ ရူပါ့မှာကြောင်အမ်းအမ်း။

𝙸𝚝'𝚜 𝙾𝚔, 𝚃𝚑𝚊𝚝'𝚜 𝙻𝚘𝚟𝚎〖 Completed 〗Where stories live. Discover now