🍑 19 🍑

8K 1K 124
                                    

// Unicode //
~~~~~~~~~~

" ရှင်းသန့် ဘာဖြစ်နေလဲ မိုးသောက် "

" ကျွန်တော်လဲသေချာမသိဘူး ကိုခွန်း၊ ၁ ပတ်လောက်နားချင်တယ်လို့ပဲပြောတယ် "

ခွန်းချိုသာဟန် သက်ပြင်းချ၏။ ဒီနေ့ဆို ရှင်းသန့် ဆိုင်ကိုမလာတာ လေးရက်ခန့်ရှိပြီဖြစ်သည်။ ဘာဖြစ်တယ်ဆိုတာလဲ ရေရေရာရာမသိရ။ ခိုင်လုံတဲ့အကြောင်းပြချက်မပေးဘဲ အလုပ်ကိုမလာတာကတော့ မဖြစ်သင့်ဘူးလို့ထင်သည်။ အလုပ်ထွက်ချင်တာဆိုရင်လည်း ပွင့်ပွင့်လင်းလင်းပြောသင့်တယ်မဟုတ်လား။

" ကိုခွန်း "

" ဪ.. ရူပါ "

" ကျွန်တော်တို့ ခဏလောက်စကားပြောလို့ရမလား "

" ရတယ်လေ "

ဆိုင်ရဲ့ထောင့်ကျသောဝိုင်းတွင်ထိုင်ကာ နှစ်သောက်သားစကားပြောဖြစ်ကြသည်။ အမှန်တော့ တစ်ခုခုကိုအတွေးလွန်နေဟန်ရှိသောရူပါက တိတ်နေ၍ သူကပဲ စကားစလိုက်သည်။

" ကိုယ့်ကိုပြောစရာရှိလို့လား ရူပါ "

" အင်း.. ကျွန်တော် ဘယ်ကစပြောရမှန်းမသိလို့.. "

" တစ်ခုခုအကူညီလိုလို့လား၊ အားမနာနဲ့ ပြော "

" မဟုတ်ဘူး ကိုခွန်း၊ ဟို.. ရှင်းသန့်ကိစ္စ.. "

ရှင်းသန့် ကိစ္စဆို၍ သူစိတ်ဝင်စားသွားသည်။ ရူပါ့ကိုတွေ့တော့ ဒီကောင်လေးအကြောင်းမေးကြည့်ဖို့ တွေးထားပြီးသားဖြစ်သည်။

" ရှင်းသန့် ဘာဖြစ်လို့လဲ ညီ၊ ဆိုင်ကိုလဲမလားဘူး၊ မိုးသောက်ကိုမေးတော့လည်း ဘာမှရေရေရာရာမသိရဘူး "

" အဲ့ဒါက... မိုးသောက် ဘာမှမသိလို့ပါ "

ရူပါ့ ပုံစံကပြောရခက်နေသည့်ပုံ။

" ကိုခွန်း ဘာမှမမှတ်မိဘူးလား "

" ဘာကိုလဲ "

" ကျွန်တော်တို့ အတူတူသောက်တဲ့ညက အကြောင်း "

သူပြန်စဉ်းစားကြည့်သည်။ သောက်တာများသွား၍ သူအတော်လေးမူးသွားပြီး ခေါင်းမထောင်‌နိုင်တော့။ နောက်တော့ဘာတွေဖြစ်သွားလဲ သူမသိ။ သူနိုးလာချိန်မှာတော့ တည်းခိုခန်းတစ်ခုမှာဖြစ်သည်။

𝙸𝚝'𝚜 𝙾𝚔, 𝚃𝚑𝚊𝚝'𝚜 𝙻𝚘𝚟𝚎〖 Completed 〗Where stories live. Discover now