// Unicode //
~~~~~~~~~~" မင်္ဂလာကုတင်ပေါ်က အိပ်ယာဆိုတာ နှစ်ဖက်မိဘတွေပြင်ပေးရတယ်၊ ဒါမှ မင်္ဂလာမောင်နှံလည်းမြဲတယ် " ဟူသော ထွဋ်ခေါင်အမေ ဒေါ်ကြည်ပြာရဲ့စကားကြောင့် ကျန်တဲ့လူကြီးတွေမှာလည်း နှစ်ယောက်အိပ်မွေ့ယာကြီးအား ဝိုင်းဝန်းကာအိပ်ယာခင်းစွတ်နေကြသည်။ ပွဲပြီးသည်နှင့် ထွဋ်ခေါင်တို့အတွက်ဝယ်ထားပေးသော အိမ်သို့တန်းလာခဲ့ကြခြင်းဖြစ်သည်။ ရူပါကတော့ ပင်ပန်းတယ်ဆိုကာ ရောက်ကတည်းက ဧည့်ခန်းရှိဆိုဖာပေါ်မှာပဲအိပ်နေ၏။
ကိစ္စအဝဝပြီးစီးသွားမှ မိဘတွေလည်းနှုတ်ဆက်ပြီးပြန်သွားကြသည်။ ထွဋ်ခေါင်လည်း အိမ်ရဲ့ဖွဲ့စည်းပုံကို လိုက်လံကြည့်ရှုဖြစ်သည်။ အိမ်ကနှစ်ထပ်တိုက်ဖြစ်ပြီး အပေါ်ထပ်တွင် ဘုရားခန်းအပါအဝင် အခန်း ၅ခန်းရှိသည်။ အောက်ထပ်တွင် အိပ်ခန်း ၃ခန်းနှင့် ဧည့်ခန်း ၊ စတိုခန်းအသေးလေးနှင့် ထမင်းစားခန်း ၊ မီးဖိုချောင် ပါဝင်သောအိမ်လေးက သူတို့နှစ်ယောက်အတွက် လိုတာထက်ပိုပြီးကျယ်ဝန်းသည်။ ခြံဝန်းနှင့်ဖြစ်ပြီး ကားဂိုဒေါင်လည်းပါသည်။ ဆိတ်ငြိမ်ရပ်ကွက်ဖြစ်တာကြောင့် နေရတာအေးအေးချမ်းချမ်းရှိမှာ အမှန်ပင်။
ထွဋ်ခေါင်ပင်ပန်းကာ နုံးနေသောစိတ်ကြောင့် ရေအရင်ချိုးရန်စိတ်ကူးလိုက်သည်။ ရူပါလည်း ဧည့်ခန်းမှာအိပ်မောကျနေဆဲဖြစ်တာကြောင့် နောက်မှနှိုးပြီး ရေချိုးခိုင်းရတော့မည်။
ထွဋ်ခေါင် ရေချိုးပြီးထွက်လာချိန်တွင် ငဂျစ်ကောင်လေးမှာ အခန်းထဲရောက်နေသည်။ နှစ်ယောက်အိပ်ကုတင်ကြီးကို သူတစ်ယောက်တည်းနေရာအပြည့်ယူထားပြီး ခြေကားယား၊ လက်ကားယားဖြင့်အိပ်နေ၏။
" ရူပါ "
ပခုံးကိုဖွဖွပုတ်ကာခေါ်လိုက်ပေမယ့် နိုးမလာ။
" ရူပါ ထတော့ "
နောက်တစ်ကြိမ်ထပ်ခေါ်တော့ အင်း အဲ လုပ်ပြီး အနည်းငယ်လှုပ်ရှားလာသည်။ မျက်လုံးကမပွင့်သေး။
" ရူပါ.. ထပြီး ရေချိုးတော့ "
" ပင်ပန်းတယ် "
![](https://img.wattpad.com/cover/229540742-288-k134415.jpg)
YOU ARE READING
𝙸𝚝'𝚜 𝙾𝚔, 𝚃𝚑𝚊𝚝'𝚜 𝙻𝚘𝚟𝚎〖 Completed 〗
Romanceပထမဆုံးအရေးသားမို့ လိုအပ်ချက်တွေများပြီး ဇာတ်အိမ်ပေါ့ပါတယ်။