🍑 14 🍑

8.4K 1K 138
                                    

// Unicode //
~~~~~~~~~~

" မုန်းတယ်‌ဗျာ..၊ မိသားစုကို..မခင်တွယ်တဲ့သူတွေကို..မုန်းတယ်.. "

ကုတင်ပေါ် ပက်လက်လှန်ကာ အာလေးလျှာလေးအသံဖြင့်ပြောနေသော ရူပါကိုကြည့်ပြီး ထွဋ်ခေါင် သက်ပြင်းသာချ၏။ အိမ်ရောက်မှသောက်မယ်ဆိုတာလက်မခံဘဲ လမ်းမှာတင် ဘီယာ ၅ဘူးကုန်သွားသည်။ အိမ်ကိုရောက်တော့မှောက်သွားလေပြီ။

" ဘာလို့လဲ... မေမေတို့က.. ဘာလို့ ဖောက်ပြန်ကြတာလဲ.. "

ထွဋ်ခေါင် ဝတ်ထားသောအင်္ကျီအားချွတ်လိုက်သည်။ မချွတ်လို့လဲမရ။ တစ်ကိုယ်လုံးလည်း ဘီယာနံ့ထွက်နေပြီဖြစ်သည်။ ယိုင်ထိုးနေ၍တွဲပေးသောသူ့အား ငဂျစ်ကောင်က ဘီယာနဲ့ပတ်သည်လေ။ သူ့ကြည့်တော့ ခြေပင်မခိုင်တော့တာကို တွဲပေးတာလည်းလက်မခံချင်။ အမူးသမားရဲ့ဖိနပ်နှင့် ခြေအိတ်တွေချွတ်ပေးတော့ အကန်ခံရသေး၏။ ထွဋ်ခေါင် ပထမဆုံးအကြိမ် မိမိကိုယ်ကိုသနားမိခြင်း..။

" ဘာလို့... တစ်ယောက်တည်းနဲ့ မလုံလောက်ကြတာလဲဗျာ.. "

အသံမှာငိုသံဖြစ်နေ၍ လှည့်ကြည့်လိုက်တော့ အမှန်တကယ်ပင် မျက်ရည်တွေစီးကျနေသည်။

" ဟေ့.. ရူပါ "

ရူပါ့ ရဲ့မိဘတွေအကြောင်းလည်း သူအားလုံးသိထားပြီးသား။ စီးပွားရေးကိုသာ ရှေ့တန်းတင်ပြီး ပိုက်ဆံကိုကုန်းရုန်းရှာ‌နေကြသော်လည်း တကယ်တမ်းသူတို့အချိန်ပေးသည့်အခါမှာတော့ သူတို့ရဲ့အငယ်နှောင်းတွေကိုသာဖြစ်သည်။ ရူပါလည်းသိသင့်သလောက်တော့ သိသည်။ ထို့ကြောင့်လည်း ရူပါက မိဘတွေကိုသိပ်ခင်တွယ်ကြောင်းမပြ။

မိဘတွေကလည်း ရူပါ့အတွက်အချိန်ပေးတာနည်းသည်။ ရူပါတစ်ယောက် ပိုက်ဆံကိုရေလိုသုံးပြီး သူ့ကိုဂရုစိုက်မယ့်သူနှင့် အပျော်ရှာတာလည်းသိပ်တော့မဆန်းပေ။ သူကအချစ်ခံချင်သည်လေ။

အိပ်ပျော်သွားပြီဖြစ်သော အမူးသမားကို နေရာတကျဖြစ်အောင်လုပ်ပေးပြီးမှ ထွဋ်ခေါင် ရေချိုးခန်းထဲဝင်လာခဲ့သည်။ မှန်ထဲကပုံရိပ်မှ အနီစင်းများနေရာယူထားသော လည်ပင်းကိုကြည့်ကာ ထွဋ်ခေါင် * ကျစ် * ခနဲ စုပ်သပ်လိုက်၏။ ဒဏ်ရာရဲ့တရားခံမှာလည်း နှစ်ယောက်မရှိနိုင်သော ငဂျစ်‌ကောင်ရဲ့လက်ချက်ပင်။ သူ့အားအတင်းလက်ထပ်ရကောင်းလားဆိုကာ ကားမောင်းနေသော ထွဋ်ခေါင်ကို ကြောင်တစ်ကောင်လို လာကုပ်သည်လေ။

𝙸𝚝'𝚜 𝙾𝚔, 𝚃𝚑𝚊𝚝'𝚜 𝙻𝚘𝚟𝚎〖 Completed 〗Where stories live. Discover now