🍑 10 🍑

10.4K 1.1K 83
                                    

// Unicode //
~~~~~~~~~~

တိမ်ယံရှင်းသန့် စားပွဲများကို သန့်ရှင်းရေးလုပ်‌နေရင်း အကြည့်တွေက တစ်ယောက်သောသူဆီသို့ရောက်‌နေသည်။ အစ်ကိုက ကလေးချစ်တတ်သည်။ အခုလည်း ဆိုင်ကိုလာတဲ့ customer ရဲ့ကလေးလေးကို ပွေ့ချီထားလျှက် ကလေးကိုမြှူနေသည့် အစ်ကို့ကိုကြည့်ရင်း ရှင်းသန့် ပြုံးမိသည်။

ပျော်ရွှင်စရာကောင်းသည့် မိသားစုဘဝလေးကို လူတိုင်းမက်မောကြသည်မဟုတ်လား။  ဒီလိုဘဝမျိုး‌ကို မဖန်တီးပေးနိုင်တဲ့သူဟာ အစ်ကို့ကိုပိုင်ဆိုင်ချင်သည်တဲ့။ ရယ်စရာကောင်းသား။ သေချာတွေးကြည့်လေ အစ်ကိုနဲ့သူ့ကြားမှာ ကွာခြားချက်တွေများလေ..၊ မဖြစ်နိုင်တာသေချာလေပါပဲ။

ရုတ်တရက် ‌ဆံပင်ကိုလာဖွခြင်းခံလိုက်ရမှ ရှင်းသန့် စိတ်နှင့်ကိုယ်ကပ်သည်။ ဧည့်သည်ရဲ့ကလေးငယ်ကို ချီထားဆဲဖြစ်တဲ့အစ်ကိုဟာ ကျန်လက်တစ်ဖက်ဖြင့် သူ့ဆံပင်ကိုဖွလိုက်ခြင်းဖြစ်သည်။ ရှင်းသန့် ကြောင်နေစဉ်မှာပဲ နောက်တစ်ကြိမ်လာဖွပြန်သည်။ တစ်ဆက်တည်းမှာပင် ကလေးငယ်ရဲ့တခ်ခ်ရယ်သံလေးပါထွက်လာသည်။

" မင်းက သဘောကျတယ်ပေါ့လေ၊ ဟုတ်လား "

ပြောရင်း နောက်တစ်ကြိမ်လာဖွတော့ ကလေးပေါက်စကလည်း သဘောကျကာတခ်ခ်ရယ်သည်။ ကလေးငယ်ရဲ့ ချစ်စရာကောင်းတဲ့ ရယ်သံလေးကြောင့် ရှင်းသန့် လည်းလိုက်ရယ်မိသည်။ သူ့အရှေ့တွင်ရှိသော အစ်ကို့ရဲ့မျက်နှာတွင်လည်း အပြုံးတွေရှိနေသည်။ ပြုံးလိုက်တိုင်း ခွက်ဝင်သွားတတ်သော ပါးချိုင့်ဟာ ပါးနှစ်ဖက်လုံး‌တွင်ရှိသည်။ ဘယ်ဘက်ပါးပေါ်က ပါးချိုင့်လေးကတော့ သိပ်မသိသာဘဲ သေချာကြည့်မှမြင်ရ၏။

တည်ကြည်မှုရှိခြင်း၊ ကြင်နာတတ်ခြင်းနှင့် သဘောထားပြည့်ဝခြင်းဆိုတဲ့ အရာတွေကို ရှင်းသန့် သဘောကျသည်။ ထိုအရာတွေအားလုံးကို ပိုင်ဆိုင်ထားသည့် အစ်ကို့ကိုတော့ပိုသဘောကျသည်။

တံခါးဖွင့်၍ ထွက်ပေါ်လာတဲ့ခေါင်းလောင်းသံကိုကြားမှ ရှင်းသန့် အတွေးကမ္ဘာထဲမှ လက်ရှိအချိန်ကိုပြန်ရောက်၏။ Customer ဝင်လာတာဖြစ်လို့ ရှင်းသန့် အပြေးလေးသွားကာ နှုတ်ဆက်လိုက်သည်။

𝙸𝚝'𝚜 𝙾𝚔, 𝚃𝚑𝚊𝚝'𝚜 𝙻𝚘𝚟𝚎〖 Completed 〗Where stories live. Discover now