🍑 57 🍑

7.7K 823 64
                                    

// Unicode //
~~~~~~~~~~

" မေမေ သမီးတို့အိမ်ပြောင်းရင်ကောင်းမလား "

" ထူးထူးဆန်းဆန်းပါလား၊ ဘာဖြစ်လို့တုန်း "

နေခြည်ရဲ့အရင်းမရှိ၊ အဖျားမရှိသည့်စကားကြောင့်  အမေဖြစ်သူမှာ မော့ကြည့်လာသည်။ ရှင်းသန့် ပန်းကန်ထဲသို့ မုန့်ဟင်းရည်ခပ်ထည့်ပေးရင်း နေခြည်က ဆို‌လေသည်။

" ဒီအိမ်က နံရံတွေအရမ်းပါးတယ် မေမေရဲ့ "

မုန့်ဟင်းခါးစားရန်ပြင်နေသော ခွန်းရဲ့လက်တွေ လေထဲမှာတွင် ရပ်သွား၏။ ရှင်းသန့် ကလည်း မျက်နှာတွေရဲတက်လာပြီး ခေါင်းငုံ့သွားသည်။ နေခြည် ခပ်ညစ်ညစ်ပြုံးကာ ဆက်ပြောလိုက်လေသည်။

" နံရံတွေပါးတော့ အိပ်ရေးပျက်တယ်လေ "

" ဘာသံတွေကြားလို့တုန်း နေခြည် "

" ကြွက်တွေသောင်းကျန်းတာလေ၊ မနေ့ညက တစ်ညလုံးပဲ "

" ဟုတ်လား၊ မေမေတော့ တစ်ခါမှမကြားမိဘူး၊ ဆေးတွေဘာတွေဖြန်းရမလားမသိဘူး၊ ကြွက်တွေများလာရင် ရောဂါရတယ် "

" ကြွက်ကနှစ်ကောင်တည်း မေမေ "

" တွေ့လိုက်တာလား "

" မတွေ့ပါဘူး၊ သမီးက အကြားအာရုံကောင်းတော့ အသံကြားတာနဲ့ ဘယ်နှကောင်လဲဆိုတာ ခန်းမှန်းမိတာပဲ "

မေမေကတော့ နေခြည့်ကို သံသယမဝင်ဘဲ ခေါင်းတညိတ်ညိတ်လုပ်နေသည်။ မဟုတ်တာလုပ်ထားသူ နှစ်ယောက်ကတော့ ခေါင်းပင်မဖော်တော့။ ကိုယ့်ကို အသံနဲ့ နှိပ်စက်ထားတဲ့သူတွေကို နည်းနည်းလေးတော့ ပညာပေးရမည်လေ။

" အဲ့ဒီကြွက်တွေသောင်းကျန်းတာနဲ့ သမီးဆို မိုးလင်းခါနီးမှအိပ်‌ပျော်တယ်၊ ဒီကြားထဲ ခွန်းကမထလို့ မေမေ့ကို သမီးလာကြိုရ‌တော့တာပေါ့ "

" အေး ခွန်းကဘာလို့မထနိုင်တာလဲ၊ နေမကောင်းဘူးလား၊ ညဘက် ‌အပြင်တွေသွားသေးတာလား "

မသိမသာဖြင့် ခွန်းဆီသို့မျှားဦးလှည့်ပေးလိုက်ခြင်းဖြစ်သည်။

" သားနေကောင်းပါတယ်၊ ဘယ်မှလဲမသွားပါဘူး၊ ညကအိပ်တာ နည်းနည်းနောက်ကျသွားလို့ မနိုးတာ "

𝙸𝚝'𝚜 𝙾𝚔, 𝚃𝚑𝚊𝚝'𝚜 𝙻𝚘𝚟𝚎〖 Completed 〗Where stories live. Discover now