🍑 53 🍑

7.4K 887 57
                                    

// Unicode //
~~~~~~~~~~

" ကိုကြီး !! "

မြင်ကွင်းထဲသို့ဝင်လာသော တစ်စုံတစ်ယောက်ကြောင့် တေဇ သောက်နေသည့်ကော့တေးတွေပါ ပြန်ထွက်ကုန်သည်။

" အဟွတ်.. အဟွတ်.. "

" ကိုကြီး တစ်ယောက်တည်းလား၊ ဝိုင်းလည်းထိုင်မယ်နော် "

ပြောပြောဆိုဆိုဖြင့် ဘေးမှာဝင်ထိုင်သည်။ လက်တွေကလည်း အတင့်ရဲစွာ သူ့ရဲ့လက်မောင်းကိုခိုတွဲလာသည်။

" မင်း.. "

" ခဏလေး.. ခဏလေး.. ဝိုင်း အခက်‌တွေ့နေလို့၊ ခဏလေးပဲ ကူညီပါနော် "

ဆိုပြီး မျက်လုံးကဝေ့ဝဲကာ တစ်စုံတစ်ယောက်ကိုရှာနေသလိုပင်။ ထို့နောက် သူထိုင်နေသည့်ထိုင်ခုံပေါ်မှဆင်းကာ အနားသို့တဖြည်းဖြည်းတိုးလာတာ ရင်ခွင်ထဲရောက်တော့မည်။

" ကိုကြီး.. ဟိုလူ ဝိုင်းကိုနှောင့်ယှက်နေတယ် "

နှုတ်ခမ်းစူကာ ချွဲနွဲ့ပြီးပြောနေပုံက မသိရင် တေဇဟာသူ့ရည်းစားလိုလို။ တကယ်ကို စိတ်ရှုပ်စရာ သတ္တဝါလေး။

" အဲ့ဒါ ငါကဘာလုပ်ရမှာလဲ "

" ကိုကြီး ဒီတိုင်းလေးပဲ.. အယ်.. သူ လာနေပြီ၊ ဒီတိုင်းပဲနေနော် "

ထိုအချိန်မှာပင် အနားကိုလူတစ်ယောက်ရောက်လာသည်။ တစ်ကိုယ်လုံး အနက်ရောင်ဆင်ထားပြီး အရပ်ရှည်ရှည်၊ ဘော်ဒီခပ်‌တောင့်တောင့်နှင့်လူက ဝိုင်းမင်းဆက်ကိုကြည့်လိုက်၊ သူ့ကိုကြည့်လိုက်ဖြင့် တစ်ခုခုပြောချင်နေပုံရသည်။ အနှီလူသားလေးကတော့ သူ့လက်မောင်းကိုတွဲထားလိုက်တာ တစ်ကိုယ်လုံးခိုစီးတော့မည့်အလားပင်။

" သူကဘယ်သူလဲ ဝိုင်း "

" ဝိုင်းရဲ့ချစ်သူ "

တေဇ ကြောင်သွားကာ ဝိုင်းမင်းဆက်ဆီအကြည့်ရောက်သွား၏။ သူ‌လေးကတော့ ခပ်တည်တည်ဖြင့် ဟိုလူကိုစိုက်ကြည့်နေသည်။

𝙸𝚝'𝚜 𝙾𝚔, 𝚃𝚑𝚊𝚝'𝚜 𝙻𝚘𝚟𝚎〖 Completed 〗Where stories live. Discover now