🍑 40 🍑

7.7K 812 104
                                    

// Unicode //
~~~~~~~~~~

" ဘယ်သွားမလို့လဲ ကိုကျော်စွာ "

" ကိုထွဋ်က ‌ဖုန်းကျန်ခဲ့တာ လာပေးဆိုလို့လေ "

လက်ထဲက ထွဋ်ခေါင်ရဲ့ဖုန်းကိုမြှောက်ပြရင်း ဆိုသည်။

" ဒါဆို ကျွန်တော့်ပေးလိုက် ကိုကျော်စွာ၊ လမ်းကြုံမှာဆို‌တော့ ကျွန်တော်ယူသွားလိုက်မယ် "

" ဪ.. ဟုတ်ပြီ ဟုတ်ပြီ "

ဖုန်းကိုလက်လွှဲယူပြီးနောက် ရူပါ ခြံထဲကထွက်လာခဲ့သည်။ တစ်ဖက်ခြံရှေ့တွင် ရပ်စောင့်နေသော တေဇက ရူပါ့ကို‌တွေ့တော့ ပြုံးပြကာနှုတ်ဆက်သည်။

" အကြာကြီးမစောင့်ရပါဘူးနော် "

" မကြာပါဘူးကွာ၊ ကဲ တက် "

ထိုသို့ပြောကာ ကားတံခါးဖွင့်ပေးသည်။

" ကျွန်တော် ဝင်စရာရှိသေးတယ်၊ ကိုတေဇ အချိန်ရလား "

" ရပါတယ်၊ ရူပါ သွားစရာရှိတာအရင်သွားမယ်လေ "

ထိုသို့ဖြင့် နှစ်ယောက်သားထွက်ခဲ့ကြသည်။ ထွဋ်ခေါင်ရှိမယ့် ကုမ္ပဏီကိုရောက်တော့ ရူပါတစ်ယောက်တည်းဝင်လာခဲ့သည်။ သိတဲ့သူတွေကလည်း ရူပါ့ကိုနှုတ်ဆက်ကြ၏။

" ဟယ်.. ရူပါလေးပါလား၊ ကိုထွဋ်ဆီလာတာလား "

" ဟုတ်ကဲ့ ကိုကို့ဆီလာတာဗျ "

" အမလေး.. ချစ်ဖို့ကောင်းလိုက်တာ၊ ကိုထွဋ်က နေ့လည်စာစားဖို့ထွက်သွားတယ်.. အဲ.. ပြောရင်းနဲ့ ရောက်လာပြီ "

အစ်မကြီးရဲ့စကားကြောင့် ရူပါ လှည့်ကြည့်လိုက်တော့ သူရှိရာသို့လျှောက်လာနေသူ ကိုကို့အားတွေ့လိုက်ရသည်။ ကိုကိုတစ်ယောက်တည်းမဟုတ်။ ဘေးတွင် ဆံပင်ရွှေရောင်နှင့်ကောင်လေးမှာ ကိုကို့လက်ကိုချိတ်ကာ ရယ်မောနေသည်။ ထိုကောင်လေးကို ရူပါ တစ်နေရာရာမှာမြင်ဖူးသလိုရှိသည်။ ပြန်စဉ်းစားပေမယ့် မမှတ်မိ။ သေချာတာတော့ သူ့ကို ရူပါမြင်ဖူးသည်။

" ဖုန်းလာပေးတာလား "

ကိုကို့စကားသံကြောင့် ရူပါ အတွေး‌လွန်နေရာမှ သတိပြန်ဝင်လာသည်။

𝙸𝚝'𝚜 𝙾𝚔, 𝚃𝚑𝚊𝚝'𝚜 𝙻𝚘𝚟𝚎〖 Completed 〗Where stories live. Discover now