🍑 26 🍑

8K 916 49
                                    

// Unicode //
~~~~~~~~~~

" သားနာမည်က တိမ်ယံရှင်းသန့်နော် "

" ဟုတ်ကဲ့ "

" သားနဲ့ ခွန်းတို့တွဲနေတာဘယ်လောက်ကြာပြီလဲ "

" ဟို.. ၃နှစ်လောက်ရှိပါပြီ "

ရှင်းသန့် အဖြေကို အစ်ကို့မေမေကခေါင်းတညိတ်ညိတ်ဖြင့်နားထောင်သည်။ အိမ်ကိုမရောင်ခင် လမ်းမှာကတည်းက အစ်ကိုနဲ့ ရှင်းသန့်က ဇာတ်တိုက်ထားပြီးသား။ ဘာမေးရင် ဘာဖြေရမယ်ဆိုတာ..။

" သားကရော ခွန်းကိုတကယ်ချစ်ရဲ့လား "

ထိုမေးခွန်းကြောင့် ရှင်းသန့် ကြောင်သွားပြီး ဘာဖြေရမှန်းမသိဖြစ်သွားသည်။ အစ်ကို့ကိုကြည့်လိုက်တော့လည်း လည်ပင်းကိုပွတ်ကာတစ်ဖက်သို့မျက်နှာလွှဲနေ၏။ လူကြီးရဲ့အမေးကိုရှောင်ထွက်လျှင်လည်းမကောင်း၍ ရှင်းသန့် မျက်နှာပူပူနှင့်ဖြေလိုက်ရသည်။

" ဟုတ် ချစ်..ချစ်ပါတယ် "

" အေးပါ တစ်ယောက်ကိုတစ်ယောက်ချစ်ရင်ပြီးတာပါပဲ၊ သားမိဘတွေကရော လက်ခံလား "

" သား.. မပြောရသေးဘူး "

" ဪ..ဟုတ်လား၊ ကြိုးစားကြည့်ပေါ့.. မေမေကတော့ ခွန်းကိုဒီလိုကိစ္စမျိုးမှာမချုပ်ချယ်ချင်ပါဘူး၊ သူ့ဘဝအတွက် သူရွေးချယ်ရမှာပဲ "

အစ်ကို့မေမေက တကယ်ကိုစိတ်သဘောထားပြည့်ဝသည့်ပုံ။ စကားပြောနေရင်းလဲ အစ်ကို့ကိုလှမ်းလှမ်းကြည့်နေသည်မှာ ၅နှစ်သားကလေးကို ချစ်မဝတဲ့ မိခင်လိုအကြည့်တွေ။ အစ်ကိုက တကယ်ကိုလာခြင်းကောင်းတဲ့ဘဝမျိုးနဲ့ လူတစ်‌ယောက်..။

ထိုအချိန် အစ်ကို့ဆီသို့ ဖုန်းဝင်လာ၍ ထသွားရာ ဧည့်ခန်းတွင် အစ်ကို့မေမေနှင့် ရှင်းသန့်သာကျန်ခဲ့သည်။

" အန်တီက ခွန်းတို့‌မောင်နှမနှစ်ယောက်အပေါ် မှာ အများကြီးတင်းကျပ်ခဲ့မိတယ်၊ ဒါပေမယ့် သူတို့နှစ်ယောက်ကလည်း အန်တီ့စကားဆို အမြဲနားထောင်ပြီး အန်တီကဒါဆိုဒါပဲ "

သားသမီးအကြောင်း‌ကိုပြောနေသော အစ်ကို့မေမေရဲ့ မျက်နှာထက်တွင် ဂုဏ်ယူသည့်အပြုံးတွေကို ရှင်းသန့်မြင်နေရသည်။

𝙸𝚝'𝚜 𝙾𝚔, 𝚃𝚑𝚊𝚝'𝚜 𝙻𝚘𝚟𝚎〖 Completed 〗Where stories live. Discover now