// Unicode //
~~~~~~~~~~တကယ်ပဲ ပစ်ထားတော့မှာလား...
ဖုန်းလေး ၁၀ခါလောက်ချပစ်မိတာကို ထပ်မခေါ်ဘူးလား..
အိမ်ပေါ်ကဆင်းရင် လိုက်ခေါ်ရမှာမဟုတ်ဘူးလား..
များစွာသောမေးခွန်းတွေဟာ ရူပါ့ခေါင်းထဲ တဝဲလည်လည်ဖြစ်သည်။ ဖြစ်ခဲ့တဲ့ပြဿနာမှာ ဘယ်သူမှားတယ်၊ မှန်တယ်ဆိုတာ သူမသိပါ။ ကတိပေးထားပြီး မတည်နိုင်တဲ့ ကိုကို့ကိုစိတ်ဆိုးတာပဲသိသည်။ အရာရာတိုင်းထက်ပိုပြီး အလေးပေးတာ၊ ဦးစားပေးတာကိုလိုချင်တဲ့ စိတ်ဟာ မကောင်းတာကိုသိ၍ သူအတတ်နိုင်ဆုံးစိတ်ထိန်းထားပေမယ့် အလုပ်နဲ့ပက်သတ်လာလျှင် သူကအမြဲအပစ်ခံရတော့လည်း ရူပါ စိတ်ဆိုးချင်လာသည်။
" ပြီးပြီလား ရှင်းသန့် "
" ဟုတ် သွားမယ် ဟန် "
" အင်း ခဏ "
ကိုခွန်းက ရှင်းသန့်ရဲ့ဆံပင်လေးကိုသပ်တင်ပေးပြီးနောက် နဖူးလေးကိုနမ်းလိုက်လေသည်။ ရှင်းသန့်ကလည်း ပြုံးကာကြည့်နေသည်။ သူတို့နှစ်ဦးရဲ့ ရုပ်ရှင်ဆန်ဆန်မြင်ကွင်းကို လက်ပိုက်ပြီးထိုင်ကြည့်နေသူမှာတော့ လင်းရူပါသွင်ဖြစ်သည်။
" ကိုယ့်အိမ်လိုသဘောထားပြီး လွတ်လွတ်လပ်လပ်နေနော် ရူပါ၊ ကိုယ်တို့က ညဘက်ဆိုင်ပိတ်ချိန်မှပြန်လာမှာဆိုတော့ နေ့လည်စာတွေ ဘာတွေလဲ ကိုယ့်ဘာသာချက်စားလို့ရတယ်သိလား "
" ဟုတ် ကိုခွန်း "
" ပျင်းနေရင် ဆိုင်ကိုလိုက်ခဲ့ပေါ့၊ ဒါမှမဟုတ် ငထွဋ်ကိုခေါ်ပေးရမလား "
" ဟာ ဘာလို့ခေါ်မှာလဲ၊ မခေါ်နဲ့၊ မတွေ့ချင်ပါဘူး "
မျက်နှာရှစ်ခေါက်ချိုးဖြင့် ငြင်းဆန်နေသော ရူပါကြောင့် ကိုခွန်းနှင့် ရှင်းသန့်ကရယ်ကြလေသည်။
" ဒါဆို ကိုယ်တို့သွားပြီ "
" ဟုတ် ဟုတ် "
" ပျင်းရင် ဖုန်းဆက်နော် ရူပါ "
ရှင်းသန့် က အိမ်အပေါက်ဝမှနေ၍ လှမ်းပြောသည်။
" အေးပါ "
ချစ်ကြည်နူး တစ်တီတူးကြသောနှစ်ယောက်ထွက်သွားသောအခါ အိမ်မှာလည်းတိတ်ဆိတ်သွားသည်။ ရူပါလည်း ဘာကိုမှမတွေးချင်သောကြောင့် ဖုန်းဖွင့်ပြီး အင်တာနက်သုံးနေလိုက်သည်။ တစ်ယောက်တည်းရှိချိန်ဆို အတွေးတွေကထိန်းချုပ်ရခက်သည်မဟုတ်လား။
YOU ARE READING
𝙸𝚝'𝚜 𝙾𝚔, 𝚃𝚑𝚊𝚝'𝚜 𝙻𝚘𝚟𝚎〖 Completed 〗
Romanceပထမဆုံးအရေးသားမို့ လိုအပ်ချက်တွေများပြီး ဇာတ်အိမ်ပေါ့ပါတယ်။