// Unicode //
~~~~~~~~~~မေမေပြောပြသည့် ကိုကိုနှင့် လက်ထပ်ပေးချင်သည့်အကြောင်းရင်းကြောင့် ရူပါ ပြောစရာပင်ပျောက်ရှသွားရသည်။
အကြောင်းရင်းကတော့ ကိုကိုနှင့်ရူပါတို့ရဲ့ နှစ်ယောက်တွဲပုံတွေဟာ လူမှုကွန်ယက်ပေါ်မှာပျံ့နှံ့နေခဲ့ပြီး ဖေဖေ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကပါမေးတဲ့အထိဖြစ်သွားသည်တဲ့။ စီးပွားရေးလောကထဲက ပြိုင်ဘက်တွေကပါ ဖေဖေ့ကို ရူပါ့အကြောင်းမေးကြသည်တဲ့လေ။ ဖေဖေကလည်း ရူပါနှင့်ကိုကိုကတွဲနေကြောင်းကိုသိပြီး မကြာခင်မှာပင် လက်ထပ်တော့မည်ဟု လောကွတ်ချော်ခဲ့၏။
အမှန်တကယ်ပင် လူမှုကွန်ယက်ပေါ်မှာတော့ ကိုကိုနှင့် ရူပါ့ အကြောင်းက နာမည်ကြီးသည်။ လိင်တူချင်းချစ်ကြိုက်တာကို အားပေးတဲ့သူတွေကြားမှာဖြစ်သည်။ အထူးသဖြင့် ဆယ်ကျော်သက်မိန်းကလေးများ။ ကိုကိုနှင့်သူ့အား အတွဲလို့တထစ်ချယုံကြည်ထားသူများဖြစ်သည်။
အပြင်မှာတွေ့ရင်လည်း ဓာတ်ပုံတွေအတင်းရိုက်ကာ caption မျိုးစုံနှင့်ဖြန့်ကြသည်။ ဒါတွေဟာရိုးနေပြီဖြစ်လို့ ကိုကိုရော သူပါ သိပ်ဂရုမစိုက်ခဲ့။ ထိုသို့ ဂရုမစိုက်ခဲ့တဲ့အရာတွေက ဒီအခြေနေထိရောက်အောင်လုပ်နိုင်မယ်ဆိုတာ ရူပါ မထင်ထားတာတော့အမှန်ပင်။
အတွေးပေါင်းသောင်းခြောက်ထောင်နှင့် လွင့်မျောနေစဉ် ကိုကို့ဆီမှ ဖုန်းဝင်လာ၍ ရူပါ တံတွေးပင်မျိုချမိသွားသည်။
" ပြော "
* မင်းဘယ်လိုတာဝန်ယူမှာလဲ *
" ဟမ် !? "
* မင်းရဲ့ မားဆိုလား ဘာလား..၊ သူတို့လုပ်လို့ ဖြစ်တာလေ၊ အဲ့ဒါ မင်းဘယ်လိုလုပ်မှာလဲ *
" ဪ.. ကိုကို သိပြီးပြီပေါ့၊ ကျွန်တော်ကဘာလုပ်ရမှာလဲ၊ ကျွန်တော်လဲ ခင်ဗျားနဲ့မယူချင်ပါဘူး "
ကိုကို့ဘက်မှအသံတိတ်သွားသည်။ စက္ကန့်ပိုင်းလောက်ကြာမှ တင်းမာသောလေသံဖြင့် ပြောလာသည်က..
* သူတို့လုပ်လို့ မင်းနဲ့ငါညားတော့မယ်လေ *
" ခင်ဗျား မားတို့ကိုပြောစရာမလိုဘူး၊ သူတို့ ship တိုင်းသာညားမယ်ဆို ယောက်ျားတွေနေစရာနေရာတောင်ရှိမှာမဟုတ်တော့ဘူး "
YOU ARE READING
𝙸𝚝'𝚜 𝙾𝚔, 𝚃𝚑𝚊𝚝'𝚜 𝙻𝚘𝚟𝚎〖 Completed 〗
Romanceပထမဆုံးအရေးသားမို့ လိုအပ်ချက်တွေများပြီး ဇာတ်အိမ်ပေါ့ပါတယ်။