🍑 56 🍑

8.2K 881 101
                                    

// Unicode //
~~~~~~~~~~

ည ၁၁ နာရီ။
ခွန်းချိုသာဟန် ‌ရေချိုး၊ အဝတ်စားလဲပြီးနောက် အိပ်ယာဝင်ရန်ပြင်လိုက်သည်။ မနက်ဖြန် မေမေ့ကိုကားဂိတ်မှာသွားကြိုသွားရမှာဖြစ်၍ ‌စောစောထရမည်။

ထိုစဉ် စားပွဲပေါ်က lub အထုတ်ဆီအကြည့်ရောက်သွားတော့ ရန်ငြိမ်းပြောခဲ့တာတွေကို သတိရပြန်သည်။

" ခွန်း "

တံခါးလာခေါက်သော နေခြည်ကြောင့် ထို lub အထုတ်ကိုယူကာ ဘောင်းဘီအိတ်ထဲသို့အမြန်ထိုးထည့်လိုက်ရသည်။ နေခြည်ဆိုသည်မှာလည်း ဘယ်အရာက ဘာဆိုတာ မိမိထက်ပင်သိနေသူမဟုတ်လား။ တံခါးဖွင့်လိုက်တော့ အိပ်မှုံစုံမွှားဖြင့် နေခြည်ကဆိုသည်။

" ငါရေသံကြားရတယ် "

" ငါရေချိုးနေတာလေ "

" မဟုတ်ဘူး အခုကြားတာ၊ ရှင်းသန့် အခန်းထဲက "

" ဪ သူလည်းရေချိုး‌နေတာဖြစ်.. "

ရုတ်တရက်သတိရသွားသည်က ‌ရန်ငြိမ်းတို့မွှေခဲ့သည့်အကြောင်း။ အားလုံးပြန်သွားပြီး ခြံထဲမှာပစ္စည်းတွေသိမ်းနေချိန်ကတည်းက ရှင်းသန့် သူ့အခန်းထဲဝင်သွားပြီး ပြန်ထွက်မလာတော့တာဖြစ်သည်။ ဒါကို သူလည်းမေ့နေသည်ပဲ။

" သွားအိပ်တော့၊ ငါကြည့်လိုက်မယ် "

နေခြည် ခေါင်းညိတ်ပြီး သူမအခန်းထဲပြန်ဝင်သွားသည်။ သူလည်း ရှင်းသန့် အခန်းကိုသွားကာ တံခါးခေါက်ကြည့်လိုက်တော့ တုံ့ပြန်သံမကြားရ။ သေချာနားစွင့်ကြည့်လျှင် ရေကျသံကိုကြားနေရသည်။ လော့ခ်ချထားသောအခန်းတံခါးကြောင့် စိုးရိမ်စိတ်ကထိတ်ခနဲ။ ကိုယ့်အခန်းရှိ စားပွဲခုံရဲ့အံဆွဲငယ်ထဲက အလွယ်ထားသောသော့ကို အပြေးလွှားယူကာ တံခါးဖွင့်လိုက်ရသည်။

မီးပိတ်ထားသည့်အခန်းထဲမှာ ရှင်းသန့်ကိုမတွေ့၍ ရေချိုးခန်းဆီ ဦးတည်လိုက်သည်။

" ရှင်းသန့်.. အဆင်ပြေရဲ့လား၊ တံခါးဖွင့်ဦး "

ရေကျသံတဖြောက်ဖြောက်မှလွဲ၍ ဘာတုံ့ပြန်သံမှမကြားရ။ ရန်ငြိမ်းပြောခဲ့သလို ဆေးအစွမ်းပြလာပြီး ရှင်းသန့် တစ်ယောက်တည်းကြိတ်ဖြေရှင်းရင်း တစ်ခုခုဖြစ်နေမှာကို စိတ်ပူသည်။

𝙸𝚝'𝚜 𝙾𝚔, 𝚃𝚑𝚊𝚝'𝚜 𝙻𝚘𝚟𝚎〖 Completed 〗Where stories live. Discover now