🍑 Extra - 3 🍑

7.3K 764 125
                                    

// Unicode //
~~~~~~~~~~

ရွှေရောင်ဘောင်အနားသတ်ထားသည့် ဓာတ်ပုံကိုကြည့်ကာ ခွန်းချိုသာဟန် တစ်ယောက်ကြည်ကြည်နူးနူး‌ပြုံးနေလေရဲ့။ ဓာတ်ပုံထဲတွင်တော့ သူဟာ တစ်ယောက်သောသူရဲ့လက်ကိုမြဲမြံစွာဆုပ်ကိုင်ထားလျှက်။ သူ့အားမော့ကြည့်နေတဲ့မျက်ဝန်းလေးတွေဟာလည်း ဓာတ်ပုံထဲမှာတောင် အသက်ဝင်လွန်းလှသည်။ ကိုယ့်ကိုဒီလောက်ထိချစ်မြတ်နိုးတဲ့ကောင်ငယ်လေးကို ပိုင်ဆိုင်ရတာလည်း သူ့အတွက်ဆုလာဘ်ပါပဲလား။ ဆုံးရှုံးစရာတွေရှိခဲ့ပေမယ့်ပေါ့။

" ဘယ်နားမှာချိတ်မလဲ ဟန် "

အခန်းထဲကထွက်လာတဲ့ ချစ်ရသူဟာ သူ့အနားကိုလျှောက်လာသည်။

" ဘယ်မှာထားချင်လဲ ရှင်းသန့်က "

" အခန်းထဲမှာလဲ နှစ်ပုံချိတ်ပြီးပြီဆိုတော့ ဒီမှာပဲထားလိုက်မလားလို့ "

" သဘော သဘော၊ ဒါဆို ကိုယ်ဒီမှာပဲထားလိုက်မယ်နော် "

" ဟုတ် "

အုတ်ရိုက်သံနှင့် တူကိုကိုင်ကာ ပလက်စတစ်ခုံပေါ်တက်လိုက်သည်။ နံရံမှာ သံကိုရိုက်ထည့်ပြီးနောက် ရှင်းသန့် လက်ထဲကဓာတ်ပုံကိုလွှဲပြောင်းယူလိုက်သည်။ ‌

" ဘယ်လိုလဲ ကြည့်ကောင်းလား "

" ဟုတ် ကောင်းတယ် "

ဧည့်ခန်းရဲ့နံရံထက်တွင် နေရာယူသွားသော ဓာတ်ပုံကိုကြည့်ပြီး နှစ်ယောက်သားပြုံးမိကြသည်။

" အဲ့ဒီနေ့ကခံစားချက်ကို အခုထိမမေ့ဘူးသိလား ဟန်၊ ကျွန်တော့်ဘဝမှာ အပျော်ဆုံးနေ့က ဟန် ကျွန်တော့်ကိုကော်ဖီဖျော်တိုက်တဲ့နေ့လေးနဲ့ ဟန့်ကို ကျွန်တော်ပိုင်ဆိုင်ရတဲ့ နေ့‌လေးပဲ "

ဓာတ်ပုံအားတွေတွေလေးငေးကာ ပြောနေသည့် ရှင်းသန့်။

" ပြီးတော့ ဟန်နဲ့အတူတူ ပထမဆုံးနေ့လည်စာစားတဲ့နေ့က ခံစားချက်ကိုလဲမှတ်မိသေးတယ်၊ ကျွန်တော် တော်တော်လေးရူးသွပ်တာပဲနော် "

" ဒါပေါ့၊ မင်းကအချစ်ရူးလေးပဲဟာ "

" ဟန့်ကိုပဲရူးတာပါ "

𝙸𝚝'𝚜 𝙾𝚔, 𝚃𝚑𝚊𝚝'𝚜 𝙻𝚘𝚟𝚎〖 Completed 〗Where stories live. Discover now