// Unicode //
~~~~~~~~~~ထွဋ်ခေါင် ကုတင်ပေါ် ရောက်လို့ စောင်ခြုံပြီးကာမှ ကျယ်လောင်သောအသံများကြားလိုက်ရသောကြောင့် အောက်ထပ်သို့ဆင်းလာရသည်။ တွေ့လိုက်ရတာက ကြည့်ကောင်းတဲ့မြင်ကွင်းတော့မဟုတ်။ မကြာသေးခင်ကမှ ဘေးခြံသို့ပြောင်းလာတဲ့ကောင်ရဲ့ရင်ခွင်ထဲတွင် ပြုံးပြုံးကြီးရှိနေတဲ့ ရူပါ။
" တွဲပေးလိုက် ကိုကျော်စွာ "
သူပြောလိုက်တော့ ကိုကျော်စွာက ဟိုကောင့်လက်ထဲမှ ရူပါ့ကိုလွှဲယူသည်။
" သူ့အခန်းထဲပဲ ပို့ပေးလိုက် "
ကိုကျော်စွာကခေါင်းညိတ်ကာ ရူပါ့ကိုတွဲသွားသည်။ အိမ်ရှေ့တွင်ကျန်ခဲ့တာ ထွဋ်ခေါင်နှင့် ဘေးခြံကကောင်။ အိမ်ထဲရောက်သွားပြီဖြစ်သော ရူပါ့ကို လည်တဆန့်ဆန့်နှင့် လိုက်ကြည့်နေသေး၍ ထွဋ်ခေါင်ပိတ်ရပ်လိုက်သည်။
" အတူတူသောက်ကြတာလား "
" မဟုတ်ဘူး၊ ရူပါက ကျွန်တော့်ကိုဖုန်းဆက်လို့ သွားခေါ်လာတာ "
" ဖုန်းဆက်တယ် ?? "
" အင်း "
အရင်ကဆို ဘာဖြစ်ဖြစ် သူ့ကိုပဲဖုန်းဆက်ပြီးခေါ်လေ့ရှိသည်မဟုတ်လား။ ဘာကြောင့်များ အခုမှအမေကိုကျော်ပြီး ဒွေးတော်လွမ်းရသလဲ။
" ကျေးဇူးပဲ "
" ရပါတယ်၊ သူတော်တော်မူးနေတာ "
" သိတယ် "
" လမ်းမှာလဲ အန်လာသေးတယ် "
" သိတယ် "
" ဟမ်.. ဘယ်လိုသိတာလဲ "
" ငါက သူ့ယောက်ျား၊ သူ့အကြောင်း အကုန်သိတယ် "
" ဪ...ဟုတ်ပါပြီ.. ခွင့်ပြုပါဦး "
" လစ် "
ထွဋ်ခေါင်အမြင်တွင် ဘေးခြံကကောင်မှာ လုံးဝထောင့်မကျိုး၊ အချိုးမပြေပါ။ နားကွင်းအမဲကို နားတစ်ဖက်တည်းမှာပန်ထားပုံက လမ်းသရဲလိုလို၊ ဘာလိုလို။ တစ်ကိုယ်လုံးကိုအနက်ရောင်ဆင်ထားသည်မှာလည်း အချိုးမပြေ။ ခြုံပြောရရင် သူ့တစ်ကိုယ်လုံးမှာ အချိုးပြေသည့်နေရာမရှိတော့။
YOU ARE READING
𝙸𝚝'𝚜 𝙾𝚔, 𝚃𝚑𝚊𝚝'𝚜 𝙻𝚘𝚟𝚎〖 Completed 〗
Romanceပထမဆုံးအရေးသားမို့ လိုအပ်ချက်တွေများပြီး ဇာတ်အိမ်ပေါ့ပါတယ်။