// Unicode //
~~~~~~~~~~အစည်းဝေးပြီးသည်နှင့် မုဏ်းမာန်ထွဋ်ခေါင်ဟာ ဖုန်းကိုအရင်ဆုံးဖွင့်ပြီး တစ်ယောက်သောသူဆီဆက်ရသည်။ အစည်းဝေးခန်းထဲရောက်နေချိန်တွင် ဖုန်းခေါ်ထားတဲ့ အကြိမ်ရေကမနည်း။ အခုလောက်ဆို စိတ်ဆိုးနေတော့မှာ သေချာသည်။ ပိုပြီးသေချာစေတဲ့အချက်က သူပြန်ခေါ်တဲ့ဖုန်းကို တမင်ချပစ်နေခြင်းပင်။
အိမ်ပြန်တဲ့လမ်းတစ်လျှောက်လုံး ငဂျစ်ကောင်ကို ချော့ဖို့နည်းလမ်းတွေသာ စဉ်းစားဖြစ်သည်။ သူကြိုက်တဲ့ ရွှေပုစွန်က ဖာလူဒါ ဝင်ဝယ်ဖို့လည်းမမေ့။ ရူပါက ကြာကြာစိတ်မဆိုးတတ်တဲ့သူဖြစ်တာတောင် သူ့အပေါ်မှာတော့ တမင်ကိုချွဲတဲ့ ကောင်လေးဖြစ်နေသည်။
အိမ်ပြန်ရောက်သည်နှင့် အရင်ဆုံး အခန်းထဲကိုဝင်သွားလိုက်တော့ ကုတင်ပေါ်မှာလဲလျောင်းနေတဲ့ ရူပါကိုတွေ့သည်။
" အိပ်နေပြီလား၊ ကိုယ်မင်းအတွက် ဖာလူဒါဝယ်လာတယ် "
ပက်လက်လှန်ကာ နဖူးပေါ်လက်တင်ထားသော ရူပါ မအိပ်သေးတာကိုသိသည်။ ထွဋ်ခေါင် အပေါ် coat ကိုချွတ်လိုက်ပြီးနောက် စည်းထားသောနခ်တိုင်ကိုပါ ချွတ်လိုက်သည်။
" ဖုန်းတွေအများကြီးခေါ်ထားတာ ဘာဖြစ်လို့လဲ၊ အဲ့အချိန်က ကိုယ် meeting room ထဲရောက်နေတာ "
" ကျွန်တော် ရန်ဖြစ်လာတယ် "
" ဘာ "
ရူပါ ထထိုင်လာသည်။ မှိန်ဖျော့ဖျော့ ညအိပ်မီးသီးအဝါရောင်အောက်တွင် ရူပါ့မျက်နှာပေါ်မှ ဒဏ်ရာတချို့ကို ဝေဝါးစွာမြင်လိုက်ရသည်။ ချက်ချင်းဆိုသလို ရူပါ့အနားကိုသွားပြီး မျက်နှာကိုခပ်ဖွဖွကိုင်ကာ ဆွဲယူကြည့်တော့ နားထင်နှင့် နှုတ်ခမ်းထောင့်တွင် လတ်ဆတ်သည့်ဒဏ်ရာတွေဟာ သွေးဆို့နေဆဲ။
" ဘယ်သူနဲ့ဖြစ်တာလဲ "
" ဘယ်ကကောင်တွေမှန်းမသိပါဘူး၊ ကျွန်တော့်ကို ရန်လာစတာနဲ့ နည်းနည်းဆုံးမပေးလိုက်တာ ဟီး.. "
ကိုယ်ကသာထူပူသွားသော်လည်း အနှီလူသားလေးကတော့ ရယ်နိုင်သေးသည်။
YOU ARE READING
𝙸𝚝'𝚜 𝙾𝚔, 𝚃𝚑𝚊𝚝'𝚜 𝙻𝚘𝚟𝚎〖 Completed 〗
Romanceပထမဆုံးအရေးသားမို့ လိုအပ်ချက်တွေများပြီး ဇာတ်အိမ်ပေါ့ပါတယ်။