🍑 62 🍑

7.8K 951 171
                                    

// Unicode //
~~~~~~~~~~

" ဒီမှာအလုပ်လုပ်တော့တာလဲမဟုတ်ဘဲ ဘာလို့လာ‌နေသေးတာလဲ မိုးသောက် "

အင်္ကျီလက်ရှည်ကိုတံတောင်ဆစ်နားအထိ ခေါက်တင်နေသော ကိုဖြိုးကမေးလေသည်။ ထိုမေးခွန်းအတွက် မိုးသောက်မှာရေရာတဲ့အဖြေရယ်လို့မရှိ။ ဒါကို ကိုဖြိုးလည်းသဘောပေါက်ပုံရသည်။

" ဒီမှာအလုပ်လုပ်ပြီး ထွက်လိုက်ဝင်လိုက်လုပ်နေတာ မင်းတစ်ယောက်ပဲရှိတယ် "

" အစ်ကိုက ကျွန်တော့်ကိုမလာစေချင်လို့လား "

" မဟုတ်ပါဘူးကွာ၊ ရန်ငြိမ်းတောင်ဘာမှမပြောတာ၊ ငါကဘာပြောရမှာလဲ "

ရန်ငြိမ်းဝေအား သူသတိရသွားသည်။ ထိုနေရာကိုလာနေမိတဲ့ တစ်ခုတည်းသောအကြောင်းအရင်း။ ဝန်မခံချင်‌သော်လည်း ရန်ငြိမ်းဝေဆိုသည့်လူကို သူစိတ်ပူသည်။ Club ကိုလာတိုင်းလည်းမတွေ့ရ။

" ကိုရန်ငြိမ်းက ဘာလို့မလာတာလဲ ကိုဖြိုး "

" ငါလဲမသိဘူး၊ အရင်က မလာရင်တောင်ဖုန်းဆက်ပြီးပြောနေကျ၊ အခုတော့ အဆက်သွယ်လဲမလုပ်ဘူး၊ ဒီလိုမျိုးကဖြစ်နေကျပါပဲ "

‌ထိုသို့ပြောပြီး ကိုဖြိုးက အပြင်သို့ထွက်သွားသည်။ မိုးသောက်မှာသာအတွေးပေါင်းသောင်းခြောက်ထောင်နှင့် ကျန်ခဲ့ရလေသည်။

ရန်ငြိမ်းဝေဟာ အင်မတန်နားလည်ရခက်သည်။ သူကတော့ ပြောချင်တာပြော၊ လုပ်ချင်တာလုပ်ပြီး မိုးသောက်ကပြန်ပြောသည့်အခါ အခုလိုခြေရာဖျောက်သွားတတ်သည်။ ကျန်ခဲ့ရတဲ့လူမှာသာ အပြစ်ရှိသလိုခံစားချက်ကြီးကို သယ်ပိုးထားရ၏။

" ဘာတဲ့.. ကိုယ့်ဆီမလာနဲ့၊ ကိုယ်လဲမင်းဆီမလာမိအောင်ကြိုးစားမယ်တဲ့လား၊ ငါက သူပြောတိုင်းနားထောင်ရမှာလား၊ လူကို သူမွေးထားတဲ့ သားမှတ်လို့ ခေါ်ချင်တိုင်းခေါ်ပြီး နှင်ချင်တဲ့အချိန်နှင်နေတာလား "

မိုးသောက် တွေးရင်းစိတ်တိုကာ တစ်ယောက်တည်းရေရွတ်နေသည်။ ပုံမှန်လည်ပတ်နေသောဘဝကြီးက ထိုလူရောက်လာမှ ကမောက်ကမဖြစ်သွားသလိုခံစားရသည်။ တစ်ခါတလေ စိတ်တိုပြီး ပြောဆိုပစ်ချင်ရင်တောင် ကိုယ့်စကားကြောင့် စိတ်ထိခိုက်သွားမလားလို့ တွေးပူရပြန်သည်။ အခုလည်း ရန်ငြိမ်းဝေ ပေါ်မလာတာကို သူက အပြစ်လုပ်မိသလိုခံစားနေရသည်လေ။

𝙸𝚝'𝚜 𝙾𝚔, 𝚃𝚑𝚊𝚝'𝚜 𝙻𝚘𝚟𝚎〖 Completed 〗Where stories live. Discover now