🍑 43 🍑

7.4K 824 53
                                    

// Unicode //
~~~~~~~~~~

အိမ်တွင် တိမ်ယံရှင်းသန့်နှင့် ခွန်းချိုသာဟန်သာရှိပြီး ကျန်တဲ့လူတွေမှာ ရက်ရှည်ခရီးထွက်သွားကြသည်။ နှစ်ယောက်သား ဆိုင်ပိတ်ပြီးအိမ်ပြန်ရောက်တော့ အချိန်မှာ ည ၉နာရီကျော်။ ရှင်းသန့် ဗိုက်ဆာနေမှာပဲဆိုကာ အစ်ကိုက သူကိုယ်တိုင် ညစာပြင်ပေးသည်။

အနက်ရောင်လက်ရှည်အင်္ကျီကို တံတောင်ဆစ်အထိခေါက်တင်ထားပြီး ညစာချက်တဲ့အပေါ်မှာ အာရုံစိုက်နေတဲ့ အစ်ကို။ မြင်နေရတဲ့ ကျောပြင်ကျယ်ရဲ့နွေးထွေးမှုကို ခံစားကြည့်ချင်သည်။ ပြီးတော့ ဘယ်တုန်းကမှ တွဲခိုခွင့်မရခဲ့တဲ့ အစ်ကို့ရဲ့လက်‌‌မောင်းတွေ..။ ပြီးတော့ ပခုံးတွေ..။ ဒီအရာတွေကို ဟိုအမျိုးသမီး‌ရော ခံစားခွင့်ရခဲ့ပြီးပြီလား။

" ကဲ.. ရပြီ "

အစ်ကို့အသံကြားတော့မှ အသိစိတ်ပြန်ဝင်လာသည်။ မျက်စိရှေ့သို့ရောက်လာသော အ‌ငွေ့တထောင်းထောင်းထနေသည့် ဟင်းလျာများက မွှေးကြိုင်သောအနံ့နဲ့တင် လူကိုဆာလောင်စေသည်။ ခွန်းချိုသာဟန်ဆိုတဲ့ အစ်ကို့မှာ မကျွမ်းကျင်တဲ့အလုပ်ရောရှိသေးရဲ့လားမသိ။

ပုစွန်လေးများနှင့် နမ်းပြားခေါက်ဆွဲကို မွှေးမွှေးလေးဖြစ်အောင်ကြော်ထား၍ ထိုပန်းကန်ဆီ ရှင်းသန့် လက်လှမ်းတော့သည်။

" ဖြည်းဖြည်းစား "

" ဟုတ် "

ရှင်းသန့် ဆီကို တခြားဟင်းပန်းကန်များပါ ရွှေ့ပေး၏။ အစ်ကိုက ရှင်းသန့်ကိုအတော်လေးဂရုစိုက်သည်။ ဒီဂရုစိုက်မှုတွေကို အစ်ကို့ဘက်က ဘယ်လိုပင်ခေါင်းစဉ်တပ်ပါစေ ဒီအခြေနေလေးကိုပဲ ရှင်းသန့်မြတ်နိုးပါသည်။

" ကျွန်တော်.. ပြောစရာရှိတယ် "

" ပြောလေ "

အစ်ကိုက နားထောင်နေပေမယ့် ရှင်းသန့် ပြောမထွက်။ သူ့အပေါ်စိတ်ခုသွားမှာလည်းစိုးသည်။

" ဘာပြောမလို့လဲ ရှင်းသန့် "

" ကျွန်တော်.. အစ်ကို့ကို.. ဟန် လို့ခေါ်လို့ရမလားဟင် "

ရှင်းသန့် ခေါင်းငုံ့ကာပြောလိုက်သည်။

ဟန် ဆိုတာ အစ်ကို့ကိုစပြီး သဘောကျမိတဲ့အချိန်တည်းက တိတ်တဆိတ်ခေါ်ခဲ့ရသည့်နာမ်စားလေး။ အမြဲတမ်း စိတ်ထဲမှာရေရွတ်နေမိတဲ့ နာမည်လေးဟာ ဟန် ပါပဲ။

𝙸𝚝'𝚜 𝙾𝚔, 𝚃𝚑𝚊𝚝'𝚜 𝙻𝚘𝚟𝚎〖 Completed 〗Where stories live. Discover now