🍑 66 🍑

7.3K 854 59
                                    

// Unicode //
~~~~~~~~~~ 

မိုးသောက်ရဲ့တစ်နေ့တာတွင် အလုပ်တစ်ခုတိုးလာသည်။ ညဘက်အလုပ်ပြီးချိန်တိုင်း ဆေးရုံသို့သွားရခြင်းပင်။ မဟုတ်ရင် ရန်ငြိမ်းဝေဆိုသည့်လူဟာ ကိုယ်တိုင်ကားမောင်းပြီးထွက်လာဖို့လုပ်တတ်သည်။ အတော်လေး ပြောရဆိုရခက်သည့်လူပါပဲ။

အခန်းထဲရောက်တော့ သူ့ကိုမတွေ့။ အန်တီပဲရှိသည်။ ထုံးစံအတိုင်း ဆေးရုံကိုပတ်ပြီးလမ်းသလားနေပြန်ပြီ။ ဆေးရုံသို့ရောက်နေတဲ့ ၁ပတ်အတွင်း ကလေး၊ လူကြီး‌နှင့် သူနာပြုတွေပါမကျန် သူငယ်ချင်းဖြစ်သွားတဲ့ ရန်ငြိမ်းဝေ။ ပြန်ရောက်လာတိုင်း မုန့်တွေပါလာတတ်သည်။ 

" ချာတိတ် ရောက်နေပြီ‌ကိုး၊ အဲ့ဒါကြောင့် မြန်မြန်ပြန်လာတာ "

အခန်းထဲဝင်လာသော ရန်ငြိမ်းဝေရဲ့လက်ထဲတွင် အာလူးကြော်ထုတ်နှစ်ထုတ်၊ ပြောင်းဖူးပြုတ်တစ်ဖူးနှင့် နို့မှုန့်တစ်ထုတ်အပြင် ချိုချဉ်လုံးများလည်းပါလာသည်။ မနက်ဖြန် ဆေးရုံကဆင်းရပြီဖြစ်လို့ နှုတ်ဆက်လက်ဆောင်တွေပဲဖြစ်မည်။

" စားဦးမလား "

" မစားပါဘူး "

မျက်နှာကရွှင်ရွှင်ပျပျရှိသည်။ ကလေးတစ်ယောက်ယောက်နှင့် ဆော့လာတယ်ဆိုတာ လက်ဖမိုးပေါ်က မှင်နီများဖြင့်‌ဆွဲထားတဲ့ ရုပ်ပုံတွေဟာသက်သေပင်။

" မနက်ဖြန် ဆေးရုံကဆင်းရပြီနော် "

" အင်း မင်းလာဦးမှာလား "

" လာဖို့မလိုဘူးမလား "

" လိုတာက‌တော့အချိန်တိုင်းပဲ "

ခုံပေါ်သို့ မုန့်ထုတ်များတင်ရင်း အေးအေးလူလူပြောလိုက်ခြင်း။ မိုးသောက်မှာသာမျက်နှာပူစွာ အန်တီ့ကိုလှည့်ကြည့်ရသည်။ အန်တီက ရေချိုးခန်းထဲဝင်သွား၍သာ တော်သေးသည်။

" မနက်ဖြန် ဆေးရုံကိုမလာရင်တောင် ကိုယ့်တိုက်ခန်းကိုလာခဲ့ပါလား "

" ကျွန်တော်.. မအားလောက်ဘူး "

" ဟုတ်လား အလုပ်သစ်ရပြီလား "

" အင်း ဘားတစ်ခုမှာ.. bartender "

" ဝါး.. မင်းက အဲ့ဒါလဲ ရတာပဲလား "

𝙸𝚝'𝚜 𝙾𝚔, 𝚃𝚑𝚊𝚝'𝚜 𝙻𝚘𝚟𝚎〖 Completed 〗Where stories live. Discover now