🍑 50 🍑

7.7K 860 93
                                    

// Unicode //
~~~~~~~~~~

ရွှန်းလဲ့နှင့်အတူတူ ထိုင်နေတာကြာပြီဖြစ်သော်လည်း အခုထိ ဘာစကားမှမပြောဖြစ်ကြသေး။ နှစ်ယောက်ကြားမှာ ဒီလောက်ထိပြောစရာရှားသွားတာ အနည်းငယ်တော့အံ့ဩစရာကောင်းသည်။

" ရွှန်းလဲ့ ကိုယ့်ကိုပြောစရာရှိတယ်ဆို "

" ဟုတ်တယ် ခွန်း၊ ရွှန်းလဲ့ စဉ်းစားနေတာပါ "

" ဘာအခက်ခဲရှိလို့လဲ၊ ကိုယ်ကူညီနိုင်တာဆိုရင် အချိန်မ‌ရွေးပြောနော် ရွှန်းလဲ့ "

အမြဲကြည်လင်နေသောမျက်နှာလေးနှင့် ဖျက်လတ်တက်ကြွသော အမျိုးသမီးလေးသည် အခုတော့တိတ်ဆိတ်ငြိမ်သက်နေ၏။ မျက်နှာမှာ သောကတွေများနေသလိုညှိုးငယ်နွမ်းနယ်နေသယောင်။

" ရွှန်းလဲ့လေ.. ခွန်းကို ရှင်းသန့်နဲ့ကွာရှင်းစေချင်တယ် "

ရွှန်းလဲ့ဆီကကြားလိုက်ရတဲ့စကားက သူ့ကိုအံ့ဩသွားစေတာတော့အမှန်ပင်။ ဒီကိစ္စကို နှစ်ယောက်သားပြောခဲ့ပြီးပြီမဟုတ်လား။

" ရွှန်းလဲ့ ဘာပြောလိုက်တာ "

" ဟုတ်တယ် ခွန်း၊ ခွန်းကြားတဲ့အတိုင်းပဲ၊ ရှင်းသန့်နဲ့ ခွန်းကိုကွာရှင်းစေချင်တယ်၊ အဆင်ပြေရင် ကွာရှင်းလိုက်ပါလား၊ ရွှန်းလဲ့လဲ ပြောပါ့မယ် "

" ကိုယ် ရွှန်းလဲ့ကိုအကုန်ပြောပြထားပြီးပြီလေ "

" ခွန်း သေချာပြန်စဉ်းစားကြည့်ပါဦး၊ ဒါကလုပ်ဇာတ်ဆိုတာအသိသာကြီးလေ ခွန်းရဲ့ "

" ကိုယ် ရှင်းသန့်နဲ့ကွာရှင်းဖို့ကမဖြစ်နိုင်ဘူး "

" ဘာလို့လဲ၊ ခွန်းသူ့ကိုချစ်တာလဲမဟုတ်ဘူး၊ ပြီးတော့ ယောက်ျားလေးချင်းယူထားတာက ဘယ်လောက်တောင်ပြောစရာဖြစ်လဲ ခွန်းသိပါတယ် "

" ဒီကိစ္စကို ကိုယ်တို့ပြောခဲ့ပြီးပြီလေ ရွှန်းလဲ့ရာ "

တစ်စုံတစ်ယောက်အရှေ့မှာ စိတ်ညစ်တဲ့ပုံမပြ‌ချင်သော်လည်း သူအမှန်တကယ်ကိုစိတ်ညစ်သွားသည်။ ရွှန်းလဲ့နှင့်ပြဿနာမဖြစ်ချင်တာကြောင့် အစတည်းကအဖြစ်ပျက်တွေအကုန် အမှန်တိုင်းပြောပြခဲ့ပြီးသား။ ရွှန်းလဲ့ကလည်း လက်ခံပြီး အသာတကြည်လမ်းခွဲပေးခဲ့သည်။ အခုမှ ရှင်းသန့်နဲ့ကွာရှင်းစေချင်တာကို ရုတ်တရက်ကြီးပြောလေသည်။

𝙸𝚝'𝚜 𝙾𝚔, 𝚃𝚑𝚊𝚝'𝚜 𝙻𝚘𝚟𝚎〖 Completed 〗Where stories live. Discover now