// Unicode //
~~~~~~~~~~Bar အတွင်း Jazz ဂီတသီချင်းသံငြိမ့်ငြိမ့်ကပျံ့လွင့်နေသည်။ ဆူညံသံတွေမရှိသည့် ထိုနေရာတွင် လူတိုင်းဟာ အေးဆေးတည်ငြိမ်စွာအပန်းဖြေနေကြသည်။ မအေးဆေးနိုင်သူမှာ ရန်ငြိမ်းဝေ တစ်ယောက်တည်းဖြစ်သည်။ ယမကာဖျော်စပ်သည့်နေရာတွင်တာဝန်ကျနေသူ မိုးသောက်ကို ခပ်လှမ်းလှမ်းကနေ ငေးရင်း စိတ်မချနိုင်ဖြစ်နေသည်။
သောက်ထားတဲ့ကောင်တွေဟာ ချာတိတ်အနားမှာတဝဲလည်လည်ရှိနေတာကို သူသဘောမကျ။ လက်ကဆွဲပြီးခေါ်ထုတ်သွားချင်ပေမယ့် ချာတိတ်ဟာ အပျိုဖျန်းကလေးလို သူပြုသမျှ နုမယ့်သူလည်းမဟုတ်။ အခန့်မသင့်ရင် သူက ပြန်ပြီးအထိုးခံရနိုင်သည်။ အဝေးကစောင့်ကြည့်နေရုံမှလွဲပြီး သူဘာတတ်နိုင်ဦးမည်လဲ။
" ဒီမှာ ညီလေး.. ဟိုကောင်ကို အဲ့နားကဆွဲထုတ်သွားပေးပါလား "
" ဗျာ ဘာဖြစ်လို့လဲ အစ်ကို "
" အဲ့ကောင် အဲ့နားမှာလည်နေတာကြာပြီ၊ သူခိုးဂျပိုးလားမသိပါဘူးကွာ၊ မသင်္ကာလို့ "
" ကျွန်တော်တို့က ရန်ဖြစ်တာတို့၊ မူးပြီးပြဿနာရှာတဲ့လူတို့.. အဲ့လိုလူတွေကိုပဲ ဆွဲထုတ်လို့ရတာဗျ၊ သူက ဘာမှမလုပ်ဘူးလေ "
" ကျစ်.. သွားတော့ သွားတော့ "
ဝန်ထမ်းကောင်လေးက ခေါင်းကုတ်ပြီးထွက်သွားလေသည်။ ရန်ငြိမ်းဝေကတော့ စိတ်ရှုပ်ရှုပ်ဖြင့်သာ ဆက်ထိုင်နေရသည်။ မသောက်မိအောင်ထိန်းထားသည့် စီးကရက်ဟာ လက်ထဲရောက်လာသည်။ ပြုံးရယ်နေသောမျက်နှာလေးကို မြင်ရသည်နှင့် ထိုစီးကရက်လည်း မီးပင်မညှိရသေးခင် အနီးရှိအမှိုက်ပုံးထဲသို့ရောက်သွားရှာသည်။
" ထိုင်လို့ရမလားရှင့် "
အနားကိုရောက်လာသည့် အနီရောင်ဝတ်စုံဖြင့်မိန်းကလေးက အသံချိုချိုဖြင့်မေးလာသည်။ ရန်ငြိမ်းဝေ ခေါင်းတစ်ချက်ညိတ်ပြလိုက်ရာ မျက်နှာချင်းဆိုင်တွင်ဝင်ထိုင်သည်။ သူ့ရဲ့မြင်ကွင်းလည်း ထိုမိန်းကလေးကြောင့်ကွယ်သွားရသည်။ သို့သော်လည်း ဘာမျှပြောမနေဘဲ သူမ,ကိုရှောင်တိမ်းကာ ချာတိတ်ရှိရာသို့ကြည့်နေလိုက်သည်။
YOU ARE READING
𝙸𝚝'𝚜 𝙾𝚔, 𝚃𝚑𝚊𝚝'𝚜 𝙻𝚘𝚟𝚎〖 Completed 〗
Romansaပထမဆုံးအရေးသားမို့ လိုအပ်ချက်တွေများပြီး ဇာတ်အိမ်ပေါ့ပါတယ်။