// Unicode //
~~~~~~~~~~တစ်ပတ်...။
တိမ်ယံရှင်းသန့်ဆိုတဲ့သူ့ကို အိမ်မှာပဲနေခိုင်းတာ တစ်ပတ်ခန့်ရှိပြီဖြစ်သည်။ မိုးသောက်နှင့်လည်းမတွေ့ခိုင်း။ ဖုန်းမသိမ်းထားလို့သာ ရူပါနှင့်အဆက်သွယ်ရနေခြင်းဖြစ်သည်။ သို့သော်လည်း အစ်ကိုနဲ့တော့ အဆက်သွယ်ပြတ်နေသေးသည်။ အစ်ကိုလည်း အတော်လေးစိတ်ညစ်နေမယ်ဆိုတာ ရှင်းသန့်သိပါသည်။ အားလုံးက သူထင်သလို လွယ်လွယ်နှင့်ပြီးမသွားဘဲ ပိုပြီးရှုပ်ထွေးလာရသည်။ ရူပါကတော့ စိတ်အေးအေးထားပြီးနေဖို့နှင့် အားလုံးအဆင်ပြေသွားမှာပါလို့ပြောရှာသည်။အစ်ကို့ဓာတ်ပုံတွေမရှိတော့ဘဲ ဗလာကျင်းလင်းဖြစ်သွားသော နံရံကြီးကိုကြည့်ရင်း ရှင်းသန့် မျက်ရည်ကအလိုလိုဝဲသည်။ ရှင်းသန့်ရဲ့ အစ်ကိုဖြစ်သူအား မေမေက ဖြစ်ပျက်သမျှကိစ္စတွေပြောပြလိုက်၍ စိတ်ဆိုးဒေါသထွက်ကာ အခန်းထဲက ဓာတ်ပုံတွေအားလုံးကို ဆုတ်ဖြဲပစ်သည်။ သူလုပ်နိုင်တာက ငိုနေရုံသာ..။
" ရှင်း "
အခန်းထဲသို့ ကိုကြီးဝင်လာ၍ ပါးပေါ်ကမျက်ရည်တွေကို ရှင်းသန့်အလျှင်အမြန်သုတ်လိုက်သည်။
" ငိုနေပြန်ပြီလား၊ ပျော့ညံ့လိုက်တာ "
ကိုကြီးက အနားသို့လျှောက်လာရင်း စကားဆိုသည်။
" မင်းအကောင်က မင်းကိုဖုန်းတောင်မဆက်ဘူးမလား၊ လက်လျှော့သွားပြီမလား "
" အစ်ကိုက မအားလို့ပါ "
ရှင်းသန့်ပြောလိုက်တော့ ကိုကြီးဆီမှ ရယ်သံထွက်လာသည်။ ခနဲ့သည့် လှောင်ရယ်သံမျိုး..။
" ငါပြောမယ် ရှင်း၊ ယောက်ျားလေးနှစ်ယောက် ချစ်တယ်ကြိုက်တယ်ဆိုတာ အလကားပါကွာသိလား၊ လူတိုင်းရဲ့နှာခေါင်းရှုံ့တာကိုခံပြီး ဘယ်သူကမင်းကိုချစ်မှာလဲ "
ပြန်မပြောချင်၍ ရှင်းသန့် ခေါင်းငုံ့ထားတာကို ကိုကြီးက သူ့စကားနာခံတယ်လို့ထင်သွားပုံရသည်။
" အရင်တည်းက မင်းကဘာဆိုတာသိပြီးသား၊ အဲ့ဒါကြောင့် မေမေရော ငါရော မင်းကိုကျောင်းတောင်လိုက်မပို့တာပေါ့ "
YOU ARE READING
𝙸𝚝'𝚜 𝙾𝚔, 𝚃𝚑𝚊𝚝'𝚜 𝙻𝚘𝚟𝚎〖 Completed 〗
Romanceပထမဆုံးအရေးသားမို့ လိုအပ်ချက်တွေများပြီး ဇာတ်အိမ်ပေါ့ပါတယ်။