🍑 37 🍑

7.6K 816 37
                                    

// Unicode //
~~~~~~~~~~

" သူက မိုးသောက်.. ငါ့ကောင်လေး "

" ဪ.. တွေ့ရတာဝမ်းသာပါတယ်ရှင်၊ တို့က ယုဇနပါ "

ရယ်ပြုံးကာ ပြန်လည်နှုတ်ဆက်နေတဲ့ချာတိတ်ကိုကြည့်ပြီး ရန်ငြိမ်းဝေ တစ်ချက်ပြုံးလိုက်သည်။ သူမကြိုက်ဘူးဆိုတာသိလည်း ကျီစယ်ချင်မိတဲ့စိတ်ကထိန်းမရတော့ လက်ကအလိုလိုပင် ချာတိတ်ပခုံးပေါ်ရောက်သွား၏။

" ဘယ်လိုလဲ၊ အခုယုံပြီလား "

" အေးပါဟာ၊ ယုံပါပြီ "

ပခုံးကိုသိုင်းဖက်ထားရင်း ချာတိတ်ရဲ့ပါးကိုထိတို့နေတော့ ပြုံးကာလှည့်ကြည့်လာသည်။ လိုတာထက်ပိုနေတဲ့အပြုံးရဲ့အဓိပ္ပာယ်ကိုသိနေသူ ရန်ငြိမ်းဝေကတော့ လက်ကိုပြန်ရုတ်လိုက်ရသည်။

" ကျွန်တော် သန့်စင်ခန်းသွားလိုက်ဦးမယ် "

" တစ်ယောက်တည်းဖြစ်ရဲ့လား၊ ကိုယ်လိုက်ခဲ့ပေးရမလား "

" ရတယ်၊ မလိုဘူး "

ပြုံးရင်း ရန်ငြိမ်းရဲ့ပခုံးကိုနှစ်ချက်လောက်ပုတ်သွားလေသည်။

" ဟဲ့ နင်ကပိုင်လှချည်လား ရန်ငြိမ်း "

ယုဇနက ထွက်သွားတဲ့မိုးသောက်ကိုလိုက်ကြည့်ပြီး ဆိုလေသည်။

" နင်ကြိုက်ရင်လဲ တခြားနည်းလမ်းနဲ့လိုက်ပါဟ၊ နင်လိမ်နေတာသိသွားမှ ပိုဆိုးသွားမယ် "

" နင်ပြောသလို မလွယ်ဘူး ယုဇန၊ သူက ငါလိုက်ဖူးတဲ့လူတွေနဲ့မတူဘူး "

" ဒါဆို ပြောစမ်းပါဦး၊ သူနင့်ကိုဘာတွေနဲ့များ စွဲဆောင်လိုက်သလဲ "

ယုဇနရဲ့မေးခွန်းအတွက် သူ့မှာအဖြေမရှိ။ ချာတိတ်ကို ဘာကြောင့်များစိတ်ဝင်စားမိသွားလဲ။ အမြဲလို မှုန်ကုပ်နေတဲ့မျက်နှာထားနဲ့ ထိုးမယ်ကြိတ်မယ်ဆိုတဲ့ဒေါသအိုးရဲ့ ဘယ်အရာ‌တွေကများ သူ့ကိုဆွဲဆောင်နေသလဲ။

" နင်အတည်ကြီးလား ရန်ငြိမ်း "

" မသိဘူး "

လူတစ်ယောက်ကို နှစ်လပြည့်အောင်ပင်မတွဲဖူးတဲ့ သူ့အတွက် ချာတိတ်ကိုစိတ်ဝင်စားတာလဲ အတည်လား၊ မတည်လား သူမသိပါ။

𝙸𝚝'𝚜 𝙾𝚔, 𝚃𝚑𝚊𝚝'𝚜 𝙻𝚘𝚟𝚎〖 Completed 〗Where stories live. Discover now