Zawgyi (Ep-19)

3.2K 505 7
                                    

Zawgyi..
Part-19 : Reborn In 1900

__________

ဦးတည်ရဲ့​ ရင်ခွင်နွေးနွေးတစ်စုံက​ ခိုလှုံရာအကောင်းဆုံးဟု​ သျှမ်မှတ်ချက်ပေးမိသည်။ ခွန်အားတို့သည်​ သူ့အား​ ချီပိုးထားသော​ လက်မောင်းတို့၌ စုပြုံလျှက်​ အဖုအထစ်ဖောင်းကြွလျှက်ရှိသော​ လက်မောင်းကြွက်သားများက​ တုပ်ခိုင်စွာ.. ရုတ်တရက်အားကိုးချင်စိတ်ပြင်းပြလာလေသည်...

ပတ်ဝန်းကျင်က​ လေတိုက်သံကြောင့်​ သစ်ရွက်လှုပ်သံကလွဲလို့အခြားအသံဘာတစ်ခုမှမကြားအပ်.. ခေါ်ဆောင်သွားခံရသော​ သျှမ်သည်​ စိုင်းတည်တံ့အခန်းထဲ​ ဦးဆောင်လို့...

ကလေးငယ်ကို​ ကုတင်ပေါ်ခပ်ဖြေးဖြေးချခါ​ တင်ပေးလိုက်သည်..။ ကော်ပတ်ရုပ်ကလေးလို​ ပေါ့ပါးသေးသွယ်သည့်​ ကိုယ်သေးသေးလေးက​ ပိုးထည်စလို​ နူးညံ့လျှက်... ငိုထားသည့်​ မျက်လုံးအိမ်ကလေးက​ ဖောင်းမို့နီရဲလို့...ကြည့်ရတာ​ တခုခုကို​ ထိပ်လန့်နေသယောင်..

"ဘာလို့အဲ့လောက်တောင်ငိုရတာလဲ.. မင်းက​ ကလေးလား.."

သျှမ်က​ ခေါင်းခါပြသည်.. အသံတိတ်နေသော​ သျှမ့်အနား​ စိုင်းတည်တံ့က​ တိုးကပ်ထိုင်ခါ​ သက်ပြင်းရှည်တစ်ချက်ကိုဆွဲဆွဲငင်ငင်ချလေသည်..

"အခုထိကြောက်နေတုန်းလား.. မှန်း.. ကြည့်ရအောင်.."

မေးစေ့မှကိုင်ဆွဲခါ​ အပေါ်သို့​ မျက်နှာကိုပင့်ဆွဲတော့​ ခရမ်းချဉ်သီးမီးလုံးရဲရဲအောက်.. လှပပြီးအပြစ်ကင်းစင်သော​ ချစ်စရာအတိ​ မျက်နှာလေးက​ မျက်ခုံးလေးတွေကြုတ်လို့.. စိုင်းတည်တံ့ရယ်သည်..

"ကြည့်ပါအုံး.. မျက်နှာကြီးကလည်း​ ဆူပုတ်လို့.. စိတ်မဆိုးလေနဲ့.. ဒီတညတော့​ ကိုယ့်အခန်းထဲနေတော့.. ကုတင်ကနည်းနည်းသေးတော့​ သည်းခံပြီးအိပ်ပေးမယ်မှလား.."

ရှက်သွေးဖြာလာသည်မို့​ သျှမ်​ သူ့လက်ထဲမှမျက်နှာကိုပြန်ရုတ်ခါ​ ခေါင်းညှိမ့်ပြသည်.. ပါးမို့မို့လေးနှစ်ဖက်က​ ရဲတက်နေဟန်.. ဒါ့အပြင်နားရွက်လေးကပါ​ နီလို့...

ဂျလိ... ဂျိ.. ဂျိ... ဖြတ်...

ဆိုင်းတည်တံ့အခန်းထဲက​ မီးသီးလေးက​ တဖြတ်ဖြတ်​ မှိတ်လိုက်ပွင့်လိုက်ဖြစ်လာရင်း​ ရုတ်တရက်​ မှောင်ကျသွားလေသည်.. အသံဗြဲနဲ့အော်ပြီး​ စိုင်းတည်တံ့ပေါင်ပေါ်​ ပြေးတက်ဖို့ကိုလည်း​ သျှမ် မမေ့.. ဒါက​ သျှမ့်ဗျူဟာ... ရိုင်းသောသမင်ကို​ ယဉ်ပါးအောင်သွန်သင်ဖို့က​ သျှမ့်အလုပ်တစ်ခုမို့​ ...

Reborn  In  1900. S1. {Complete}Where stories live. Discover now