Zawgyi (Ep-6)

5K 812 14
                                    

Zawgyi..
Part-6   :  Reborn In 1900

_________

    သျှမ်တ​ယောက်မျက်နှာသစ်ပြီးသည်နှင့်​ exercise လေးလုပ်ရင်း​ အိမ်အောက်သို့​ အပြေးဝင်လာလိုက်သည်.. ခြေတံရှည်အိမ်မို့​ အိမ်အပေါ်သို့မတက်တော့ဘဲ​ မနက်စာပြင်နေသော​ အိမ်အောက်က​ စားပွဲဝိုင်းသို့​သာ အပြေးရောက်ချလာရသည်..

"မေကြီး​ ဘာစားစရာရှိလဲ.."

"နန်းကြီးသုပ်.."

    ဒေါ်ဆန်းတင်​ ပါးစပ်မှ​ နန်းကြီးသုပ်ဆိုတာကြီးလည်းကြားရော​ သျှမ်​ မျက်လုံးပြူးမျက်စံပြူးနှင့်.. သူနန်းကြီးသုပ်ကို​ သူ့ဘဝမှာ​ တစ်ကြိမ်တစ်ခါမှမစားဖူးပါ.. နန်းကြီးလုံးသည်​ သူကြောက်တက်သော​ တီကောင်နှင့်​ အလွန်တူသောကြောင့်​ စားရမှာ​ ဝန်ထုပ်ဝန်ပိုးတစ်ခုလို..

   ပါးစပ်ကလေးကို​ လက်နှင့်အတင်းအုပ်ရင်း​ ခေါင်းခါပြသည်..

"ဟင့်အင်း​ ဟင့်အင်း.. အဲ့တာကြီးမစားဘူး.."

"ဟောတော်.. ဖြစ်ရမယ်.. နန်းကြီးသုပ်ကြိုက်တဲ့ကလေးက​ ဘယ်လိုဖြစ်ရတာလဲ.."

    မမကြီးက​ သပတ်ကလေး​ ခေါင်းပေါင်းခါ​ တောင်းလေးပိုက်လို့ အော်ကျယ်အော်ကျယ်ပြောနေသော​ သျှမ့်အား​  မေးမိသည်..

"ဟင်​ မမကြီး​ ဘယ်ကပြန်လာတာလဲ.."

" ဟိုဘက်ရွာ​ ရွာမြောက်ပိုင်းကလေ.. အမဲပေါ်တယ်ဆိုလို့​ သွားဝယ်လာတာ​ ဒီမယ်လေ.. ဪ.. မေကြီး​ ပိုက်ဆံမလောက်လို့​ အကြွေးထားခဲ့တယ်.."

"အေးအေး.. ပြီးရင်​ အမေသွားပေးလိုက်မယ်.."

    ကောင်လေးတစ်ယောက်ကတော့ ရွာမြောက်ပိုင်းဆိုတာနှင့်ခေါင်းလေးထောင်လာမိသည်.. ဟို​ လှမောင်တို့အုပ်စုကိုလည်း​ မျက်လုံးထဲပြေးမြင်လာသဖြင့်​ သျှမ်​ လူယုတ်မာအပြုံးကြီး​ ပြုံးမိသည်.. ။ ပျားအုံကို တုတ်နှင့် အလွန်ပင် ထိုးကြည့်ချင်လာမိ၏..။

" မေကြီး​ သား​ သွားပေးပေးမယ်.. "

" အို​ မဖြစ်ပါဘူးတော်. ကိုယ့်ရွာသူကြီးအိမ်တောင် ဘယ်နားဖြင့်ရှိလို့ရှိမှန်းမမှတ်မိတာ.. မသွားရပါဘူး.."

Reborn  In  1900. S1. {Complete}Where stories live. Discover now