Unicode (Ep-25)

12.1K 1.1K 6
                                    

Part-25  : Reborn In 1900.

__________

"အမွှေစိန်...."

မိနွယ်ရဲ့စကားလုံးတို့အား​အဆုံးထိ​နားထောင်နေဖို့​စိုင်းတည်တ့ံမှာ​အာရုံရှိမနေတော့ပေ။ အမွှေစိန်ဆိုသည့်​နာမ်စားလေးကိုသာ​ပါးစပ်ဖျား၌ရေရွတ်ရင်း​ မြက်ပင်ရှည်တွေကြားအတင်းဝင်ရောက်တိုးချဲ့ခါ​ဝင်သွားလေတော့သည်။

"သခင်လေး...."

မိနွယ်လည်း​ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ..လက်တွေကလေပေါ်မှာဝဲမြှောက်လိုက်.. ဘေးက​ဂျော်နီ့လက်မောင်းကိုတဖတ်ဖတ်ရိုက်လိုက်နှင့်...

....

"အမေ့.. ကယ်ကြပါအုံး... အား... သရဲ.. သ .. ရဲ.."

ချုံပင်တွေကြားမမြင်မစမ်း​ အပြေးတိုးလေတော့​ ခန္ဓာကိုယ်တစ်ခုလုံး သစ်ကိုင်းခြောက်​နှင့်ဆူးပင်တချို့ရဲ့ထိခိုက်ခြင်းကို​ခံရလေသည်။ သျှမ်​ဒါကို​အာရုံမထားပါ.. လောလောဆယ်ကတော့​ဒီအခြေအနေမှာ​သူ​တွေ့ရာအရပ်ကိုသာ​ ဦးတည်ပြေးဖို့ပါဘဲ...

"ဘုရား​တရား​သံဃာ.. ဘုရား​တရား​သံဃာ..အမေ့..! "

အရှိန်မြန်မြန်နဲ့​ ခန္ဓာကိုယ်တစ်ပတ်လည်အောင်​ လှမ်းဆွဲခြင်းခံလိုက်ရသော​သျှမ်သည်​ အာရုံထဲမှာ​ အေးစက်သော​ရေခဲဆိုင်ရယ်​ အခုန်လွန်နေသော​နှလုံးသားတစ်စုံရယ်​ ကတားစီးမရအောင်​ ကြောက်လန့်ဖွယ်ရာ​အခြေအနေကိုသာ​ပေးစွမ်းထားဆဲ...

" အား... အား... ကြောက်ပါပြီ။။ ကြောက်ပါပြီ.. နောက်​ခိုးပြီးခူးမစားတော့ပါဘူး.. မခြောက်ပါနဲ့တော့.. အီးဟီး..."

  ရင်ခွင်ထဲ​ မျက်စိစုံမှိတ်ခါ​ ကယောင်ကတမ်း​အော်ငိုနေသော​ထိုကောင်လေးက​ ယခုအချိန်မှာ​ ကလေးတယောက်နှင့်မခြားပေ.. စိုင်းတည်တ့ံ​ သက်ပြင်းကလေးချခါ.. ငိုနေသော​ထိုကောင်လေးရဲ့ကျောပြင်ကို​ခပ်ဖွဖွ​ပွတ်ပေးတော့​ တဆက်ဆက်တုန်ပြီး​ချေွးတွေရွှဲနေတဲ့​ထိုခန္ဓာကိုယ်လေးက​ အနည်းငယ်​အရှိန်လျော့သွားသလို...

"ကိုယ်ပါ ကိုယ်ပါ တိတ်.. ကိုယ်ရှိတယ်နော်.. မငိုနဲ့တော့.."

မျက်ရည်အဝိုင်းသားနဲ့​မရဲတရဲ​ မော့ကြည့်လာတဲ့​ ကောင်ကလေးရဲ့​ မျက်ဝန်းတွေမှာသူ့အား​ အားကိုးချင်သည့်စိတ်အပြည့်ပါနေသည်ကို​ စိုင်းတည်တ့ံ​ မြင်လိုက်ရသည်... တအင့်အင့်​ အသံထွက်ခါ​ ငိုကြွေးရင်း​ ရင်ခွင်ထဲမျက်နှာအပ်လို့ရှိုက်ကြီးတငင်ငိုလေသည်။

Reborn  In  1900. S1. {Complete}Where stories live. Discover now