Unicode (Ep-34)

10.4K 993 11
                                    

Part 34 Reborn in 1900.

"တီ..တီ..တီ.."

မနက်ခင်းစောစောစီးစီးကတည်းက ဆူညံသံတစ်ခု...
ထိုအရာက ကပ်ဆိုးများလား...
ခြံရှေ့မှ ကားဟွန်းတီးသံတစ်ခုကအဆက်မပျက်...

ထိုအရာက ထွေးငယ်အတွက် မျက်ခုံးခပ်လှုပ်လှုပ်ရယ်...
ဒီတစ်ခါတော့ မူတူးအိမ်မှာရှိနေသဖြင့် ခြံတံခါးကို မူတူးဘဲ ဖွင့်ပေးလိုက်ပုံရသည်..
ထို့နောက် အိမ်ထဲက ဆူညံသံတွေ...ထွေးငယ် ပြူတင်းပေါက်လိုက်ကာအနောက်မှ အိမ်အောက်သို့လှမ်းကြည့်မိတော့ သခင်လေးရယ် မေမေကြီးရယ်....ထို့​နောက် ခင်သီဆိုသော မိန်းကလေးက သူ့ကားပေါ်မှဆင်းခါ သခင်လေးစိုင်းရဲ့ ကားပေါ် လိုက်ပါသွားကြသည်။

ဆိုတော့ကာ..အခုချိန်မှာ ထွေးငယ်က အပယ်ခံလား...,
ဒါ စဉ်းစားစရာဘဲနော်....

"ခင်သီလေး..."

"ဟုတ် အန်တီ.."

"ခင်သီလေးက ပိုပိုလှလာလိုက်တာများ..သားငယ် ဟုတ်တယ်မှလား..."

"အင်း..."

စိုင်းတည်တ့ံ ခင်သီ့ကို တစ်ချက်သာကြည့်ရင်း ဒေါ်နန်းထိပ်ထားအား ဝတ်ကျေတန်းကျေနဲ့ ခေါင်းဆက်ပြသည်။

ဘာမှတော့မဟုတ်ဘူး... ခင်သီက ဒေါ်နန်းထိပ်ထားအား လက်ဆောင်ဝယ်ပေးချင်လို့ဟု မနေ့က အတင်းပူဆာသွားသောကြောင့်ပင်...

"အန်တီ...ဟိုရောက်ရင် ခင်သီ ဘာပေးပေး မငြင်းရဘူးနော်."

"အဟင်းဟင်း..မငြင်းပါဘူး သမီးလေးရယ်.."

စိုင်းကတော့ သူတို့နှစ်ယောက်အား လိုက်ပို့ပေးသည်ဆိုရုံမျှသာ...

"ကိုကို..ကိုကိုကကော ခုတလော ဘာလိုချင်နေတာ ရှိလဲဟင်..."

"ဘာမှမရှိပါဘူး ခင်.."

"ဟွန်း...ဘာမှမရှိဘူးကလည်း..တစ်ခုခုတော့လိုချင်မှာပါ..ပြောကြည့်လေ.."

"ကိုယ်ဘာမှမလိုချင်ဘူး ခင်...အထူးသဖြင့် ခင့်ဆီက.."

စိတ်မရှည်သူပီပီ စကားအား ၂ခါပြောရသည်ကို စိုင်း မုန်းပါသည်။ထို့ကြောင့်လည်း ခင့်အား စိုင်း ထပ်မံလျစ်လျူရှုလိုက်သည်..သူမ ဘာပြောပြောပေါ့..။

Reborn  In  1900. S1. {Complete}Where stories live. Discover now