Unicode (Ep-49)

10.3K 883 3
                                    

Part 49
Reborn in 1900.

အိပ်ယာက နိုးထလာတော့ ကျွန်တော် ဘယ်ဆီရောက်နေတာလဲ...စိမ်းသော ပတ်ဝန်းကျင်က နေသားမကျလှပေ... ခေါင်းကို ခါပစ်ရင်း မျက်လုံးတွေကို ပွတ်သပ်ပစ်လိုက်သည်။

"ငါ..ငါ.အခုဘယ်မှာလဲ..."

ခုံတန်းလေး တစ်ခု၌ ရှိနေပုံထောက် သူ့အား မည်သူခေါ်လာခဲ့သနည်း....။

"ငါ..ဘာမှမမှတ်မိတော့ဘူး...ငါ ဒီကို ဘယ်လိုရောက်လာတာလဲ.."

ဝမ်းနည်းလာသည်ကြောင့် အသံတွေက အဖျားခက်လှသည်။

"ဦးတည်....ဦးတည်ရော....အဟင့် မေမေတို့ရော.."

"အမ် ဟာ ....ဖိုးပြည့်လေး.."

အသံလာရာ မျက်ရည်အဝိုင်းသားနှင့် မော့ကြည့်တော့ မျိုးမြင့်ဆိုသောလူက....

" ရွာကိုဘယ်တုန်းကပြန်ရောက်နေတာလဲ.. "

"ဟမ် ဘယ်လို..ခင်ဗျား..မဟုတ်မှ.. ဟင့်အင်း ကျွန်တော့်ကို အခု ရန်ကုန် ပြန်ပို့ပေး.."

"အို အို.. ဘာ​တွေပြောနေတာလဲ က​လေးရဲ့ မင်းလေးကို ကိုယ်ခေါ်လာတာမဟုတ်ရပါဘူး.. အခုမှသာ ကိုယ်မင်းကို တွေ့တာ..ဘာလဲ တယောက်ထဲ ပြန်လာတာတော့မဟုတ်ဘူးမှလား.."

"ဘာ...ခင်ဗျား ယောက်ျားစကားပြောစမ်း..ကျုပ်ကို ပြန်ပေးဆွဲလာတာမှလား.."

"အမှန်ပြောနေတာပါ..ဒါပေမဲ့ ပြန်တော့ မပို့နိုင်ဘူး မင်းက ကိုယ့်ဆီကို မင်းခြေထောက်သုံးပြီး မင်းဘာသာ ရောက်လာတာလေ.."

"အား.......ပြန်ပို့ပေး..."

အာခေါင်ကိုခြစ်တိုက်၍ ခေါင်းက ဆံပက်တွေထဲလက်လျှိုထည့်ခါ အရူးတယောက်နှယ် အော်မိတော့၏..။

..........

"ကလေး ပြောက်နေတယ်...ရှာကြပါဟဲ့.."

"သျှမ် ဘယ်တွေ သွားနေတာလဲ...မနက်ထဲက ရှာမတွေ့ဘူး"

"သူဘယ်တွေ သွားနေတာလဲမသိဘူး..."

"ခဏ...ခဏနေပါအုံး သျှမ်က..ဘယ်အချိန်ကတည်းက ပြောက်သွားတာလဲ.."

"သခင်လေးရယ် မနေ့ညက အိပ်ယာအစောကြီးဝင်သွားလို့ ဒီမနက်လည်း နေမြင့်နေပြီမို့ သွားနှိုးတာ အခန်းထဲ မတွေ့တော့ဘူးရယ်.."

Reborn  In  1900. S1. {Complete}Where stories live. Discover now