Zawgyi (Ep.53)

2.6K 369 26
                                    

Zawgyi...

"ကိုကို..."

ချွဲပစ်ပစ် အသံလေးနဲ့ စှုင်းတည်တံ့အနားမှာ ကြောင်တစ်ကောင်လိုချွဲကပ်နေသော ခင်သီ သည် ဆိုးဆေးအကူပါသော နှုတ်ခမ်းဖူးဖူးလေးအား ဆူထားလျှက်ရှိသည်..။

ကျွန်းစတီပေါ်မှာ နိုင်ငံခြား သတင်းစာအား စိတ်ဝင်တစား ဖတ်လျှက်ရှိသော စိုင်းတည်တံ့ကမူ တုပ်တုပ်မှမလှုပ်...။ ခင်သီ့မှာလည်း စိုင်းတည်တံ့ရဲ့ ဥပက္ခာကြောင့် ဒေါသတို့ကသွေးကျောထဲမှာ ဆူပွက်လာလေတော့သည်။

"ကိုကို လို့..."

လက်မောင်းအား ခပ်ပျက်ပျက်ဆွဲခါ ဆွဲခေါ်နေသည်ကြောင့် စိုင်းတည်တံ့ သက်ပြင်းကလေး ခပ်ဖွဖွ ချရင်း သတင်းစာအား ရှေ့က အကြမ်းအိုးတင်ထားသော စားပွဲခုံပေါ် တင်ပစ်လိုက်သည်။

"ဘာလဲ ခင်.."

"အို..ကိုကိုကလည်း ခင်ပြောနေတာ အာပေါက်လှပြီ ကိုကိုက အခုထိ မကြားသေးဘူးတဲ့လား.."

"ခက်ပါဘိ အမိရယ်..မကြားလို့ မေးနေရတာပေါ့ "

ခင့်အား စေ့စေ့ကြည့်လျှက် ပြောနေသည်မဟုတ်ဘူး ခြံရှေ့က အထူးစိုက်ထားသော နှင်းဆီခင်းကြီးအား ကြည့်ခါ ပြောလျှက် ရှိသည်ကြောင့် ခင်သီ မျက်ခုံးတွေကို ကြုတ်လိုက်မိသည်။ ဆိုလိုနေသည်က သူက ခင့်အပေါ် အရေးမစိုက်ချင်ဘူး စိတ်ရှုတ်ပါသည်ဟူသော ပုံစံမျိုး...

"ကိုကို.. ခင်ကလေ.. ခင်ပိုင်ဆိုင်ရမယ်လို့ ထင်ထားတဲ့အရာကို မရရအောင် ယူတက်တယ်နော်.."

"အမိက အတ္တကြီးပါပေ့လား.. ဒီလိုဖြင့် ကိုယ့်ဘက်ကလည်း အမိငယ် သိအောင်ပြောစရာရှိတယ်.. "

ထိုအခါ ခင်သီက ဘာများလဲဟူသော အကြည့်ဖြင့် စိုင်းတည်တံ့အား ပေါ်ပေါ်ထင်ထင်ကလေးကြည့်နေသည်။ စိုင်းတည်တံ့ကမူ သက်ပြင်းတစ်ချက် ချရင်း ဆက်ပြောသည်။

"ကိုယ်က ခြိမ်းချောက်မှုတွေကို သိပ်မကြောက်တက်ဘူး အမိရဲ့...."

ခင်က မျက်နှာတစ်ချက်ပျက်ခါ စကားလမ်းလွှဲလိုက်သည်။

"ကဲပါ ကိုကိုရယ်.. အခု ခင့်ကိုလေ ရွာဦး ဘုန်းကြီးကျောင်းဆီ လိုက်ပို့နော်..."

Reborn  In  1900. S1. {Complete}Where stories live. Discover now