Zawgyi (Ep.47)

2.4K 381 17
                                    

Zawgyi...

"ခင်ရေ...သွားကြမယ်လေ..."

စိုင်းတည်တံ့ရဲ့ ခေါ်သံနောက်မှာ စိတ်မရှည်မှုတွေ ပါနေသည်ကို ခင်သီ အနည်းငယ်သတိထားမိပါသည် ... ဒါပေမဲ့လည်း ထွေးငယ်ရှေ့တွင် သူမရဲ့ မျက်နှာကို အပြုံးမပျက်စေပါ...။

" ဟေး... ခင် သွားတော့မယ် သိလား.. "

ထွေးငယ်ကို နှုတ်ဆက်လိုက်သော ခနဲ သံပါသော ခင်သီသည် အတော်လေး ကို မျက်နှာပြောင်တိုက်သူပီသပါသည်။

"ဟုတ်ကဲ့ပါ မိန်းကလေး.."

"ဪ..ဒါနဲ့လေ..ခင် တစ်ခုပြောစရာ ရှိသေးတယ်.. ကိုကိုကတို့အပိုင်သိလား.."

ထွေးငယ်ရဲ့မျက်နှာကလေးသည် သိသိသာသာ ပျက်ယွင်းသွားတာကို ခင်သီ တဝကြီးကြည့်ခါ ပျော်ရွှင်နေသလားဘဲ..

"ဒါဆို....သွားလိုက်ပါအုံးမယ် မမထွေးငယ်.."

ရင်ကိုကော့ခါ ခြေလှမ်းတွေကို အရှိန်တင်ရင်း အိမ်ရှေ့တွင်စောင့်နေသော စိုင်းတည်တံ့ရှိရာသို့သာ လှည့်ထွက်လာခဲ့လိုက်သည်။

ထို့နောက်တွင်တော့ ထွေးငယ် ကျောပေးလို့ ထွက်ခွာသွား​သောသူမအား စိတ်ပျက်စွာ တစ်ချက်ကြည့်လိုက်မိသည်..။

..........

"မောင်ငယ်လေး..မေမေကြီး..မမကြီး..ဝေ့..."

အထုတ်ကလေးပိုက်ခါ စံအိမ်ကြီးရှေ့မှ လက်ကိုဝှေ့ရမ်းလို့ လှမ်းခေါ်နေသော မမငယ်မှာ ကျွန်တော်တိုအားလုံးကိုကြိုဆိုနေသည်။ ဘုန်ကြီးကျောင်းမှပြန်လာသော ကျွန်တော်တို့ကလည်း မမငယ်ရှိရာသို့ ခပ်မြန်မြန်သာ လျှောက်လှမ်းလာခဲ့လိုက်သည် ။

"မမငယ်..ဒီမှာဘာရပ်လုပ်နေတာလဲ.."

"အိမ်ပြန်မလို့လေ... အမေ ထွေးငယ် အိမ်ပြန်ချင်ပြီ.. ဒီမှာမနေချင်တော့ဘူး.. ဒီမှာနေရတာ တအားအသက်ရှူကျပ်မိပါရဲ့..."

"ဟဲ့ အထွေး ဘာစကားပြောတာလဲ.."

ထွေးငယ်ရဲ့စကားကြောင့် အမေဖြစ်သူမှာ မျက်လုံးပြူးမျက်စံပြူး...

"ထွေးငယ် သခင်မကြီးနဲ့ စကားပြောပြီးပါ့ပြီ.. သခင်မကြီးက နားချပေမဲ့ ထွေးငယ်လက်မခံချင်ဘူး အမေ.. ထွေးငယ် သခင်လေးကို မမြတ်နိုးလေရော့.."

Reborn  In  1900. S1. {Complete}Where stories live. Discover now