Zawgyi...
"အာ.....ဦးတည်...အဟမ်း..ရောက်နေတာကြာပြီလား..."
စပ်ဖြဲဖြဲမျက်နှာကလေးက ပါးမို့မို့လေးထက်မှာ ရဲတွတ်ခါ ပန်းရောင်သန်းနေပြီမဟုတ်လား..
ထို့နည်းတူ ဝတ်လစ်စလစ် အပေါ်ပိုင်းခန္ဓာကိုယ်မှာလည်း ရေစက်ကလေးတို့ တွဲခိုနေကြသည်။ပန်းနုရောင် ချယ်ရီသီးလေးတွေသည်..ဖြူနုသောအသားမှာ သိသိသာသာပင်ဖြစ်လေရော့..."အင်း..မင်းရဲ့ ထူးစမ်းတဲ့ သီချင်းရွတ်သံအစကတည်းက.."
"အိုက်ယား..."
မျက်နှာပူစွာနဲ့ သျှမ် ခေါင်းကို ငုံ့ချလိုက်သည်...
"အခု အခန်းပြန်ပြီး အဝတ်လဲပေတော့.."
ဘာမှပြန်ပြောမနေတော့ဘဲ သျှမ် သူ့အခန်းဆီသို့သာ ကမန်းကတမ်း ခပ်သုတ်သုတ်ပြေးလေသည်..။ အနောက်ကနေ ထက်ကြပ်မကွာ လိုက်လာနေသော စိုင်းတည်တံ့ကတော့ အရှေ့က အမွှေစိန်ကိုကြည့်ခါ ပြုံးစိစိနှင့်... သူက ဘာလို့ အခန်းထဲအထိ လိုက်လာရတာပါလိမ့်...
"အဟမ်း...အင်္ကျီက ဗီရိုထဲမှာ..."
"ဟုတ် ဟုတ် "
"လဲတော့လေ ဘာစောင့်နေတာလဲ..." ဟုဆိုခါ သျှမ့် ကုတင်ပေါ်၌ ခြေတွဲလဲချခါ ဝင်ထိုင်သည်။
"ဟို အပြင်ထွက်လေ.. ကျွန်တော်ကဘယ်လိုလဲရမှာလဲ.."
စိုင်းတည်တံ့ ခဏတာ စဉ်းစားစရာ ဖြစ်သွားရင်း မျက်မှောင်ကြုတ်မိသည်.. ပြီးမှ "ဘာဖြစ်လဲ..ယောက်ျားချင်းချင်းဘဲ..နေထိုင်မှုက ပနံသင့်ပါတယ်.." ဟု ဆိုလာသည်..
"ဒါပေမဲ့..."
"ဒါပေမဲ့ဘာဖြစ်လဲ အမွှေစိန်..."
"ဒါပေမဲ့..အင်း...ဒါပေမဲ့..."
"ပြော...."
"ကျွန်တော် ... ရှက်တယ်..."
တိုးညှင်းစွာ ပြောလာတဲ့ စကားသံသေးသေးလေးက စိုင်းတည်တံ့နားထဲ ကန့်လန့်ကြီး ဝင်သွားတာအမှန်..
ရင်ထဲ မနေထိမနေနိုင်စွာ လက်ဖျားတွေပင်အေးစက်လေရော့
လေပူတစ်ချို့ကိုပါးစပ်မှ မှုတ်ထုတ်ရင်း သျှမ့် ကုတင်ထက် နူးညံ့အိစက်သော ဖဲမွေ့ရာပေါ် ပတ်လပ်လှန် ပစ်လှဲချလိုက်သည်..
YOU ARE READING
Reborn In 1900. S1. {Complete}
RomanceZawgyi.. Rebirth ပုံစံလေးရေးမှာမို့လို့ အမှားပါရင်ခွင့်လွှတ်ပေးပါ.. VVက အခုမှ ကြိုးစားပြီးအားထုတ်နေရတဲ့ Author ပေါက်စလေးပါ.. ရှေ့မှာလည်း fanfic တွေရေးထားတာမို့ အခုကတော့ အသွင်မတူတဲ့ မြန်မာ နာမည်လေးတွေနဲ့ဘဲရေးမဲ့ fic လေးဖြစ်တာကြောင့် ကိုယ့...