Unicode (Ep-29)

11K 1K 15
                                    

Part-29 : Reborn In 1900..

__________

နှုတ်ခမ်းကလေးကိုစုချွန်ထားသည်မှာ နှင်းဆီဖူးရဲရဲကလေးလိုပင်ရှိသည်...။စိတ်ကောက်နေသည်မို့ မည်သူနှင့်မျှမခေါ်မပြောသည်ဆိုလျှင် ပိုမှန်လိမ့်မလား...

ဒီကြားထဲ လူမှုရေးခေါင်းပါး ရေရေရာရာဘာတစ်ခုမှ မသိမတက်ခဲ့သည်မို့...

"သွား...အလကားလူ...အမှတ်မရှိဘူး...သုံးစားမရတဲ့လူကြီး.."

ကုတင်ပေါ် တင်ပျဉ်ခွေထိုင်ရင်း ခေါင်းအုံးငယ်အား လက်သီးနှင့်ထုလိုက်ထောင်းလိုက်...

"ဒေါက်..ဒေါက်..ဒေါက်.."

"အမွှေစိန်...ဝေ့...ခေါ်နေတာ ပြန်ထူးမှ​ပေါ့.."

တမင်နှုတ်ပိတ်နေသော မိမိအား အခန်းတံခါးကိုအဆက်မပျက်ခေါက်ခါ တယောက်ထဲစကားပြောနေသူသည် ထိုလူကြီး..ဂွတိဂွစာကြီးလေ။

"....အသက်ကောရှိသေးရဲ့လား..,"

သျှမ်က အောက်နုတ်ခမ်းအားဖိကိုက်ရင်း နားနှစ်ဖတ်ကို လက်သေးသေးလေးတွေနှင့် ဖိအုပ်ပစ်လိုက်သည်။

"ဟေ့ အမွှေစိန်...မဟုတ်ဘူး..ဘယ်လိုခေါ်ရမလဲ..ဪ မောင်ကောက်စိန်..အဟက်ဟက်......!..."

"ဝုန်း..."

စကားကို ခပ်ကြမ်းကြမ်းဖွင့်လိုက်သဖြင့် ရယ်နေသော စိုင်းတည်တ့ံက ခပ်မြန်မြန်ပင် နှုတ်ခမ်းနှစ်လွှာကို ဖိပိတ်လိုက်လို့...

"ဘာလဲ..ဘယ်သူက မောင်ကောက်စိန်လဲ.."

"အဟက်..မင်းလေ.."

"အခု ခင်ဗျား ကျွန်​တော်ကိုမျက်နှာလာပြောင်နေတာလား"

စိုင်းတည်တ့ံက မျက်နှာလေးတည်ခါ မျက်ခုံးတွေကိုလှုပ်ပြလေသည်။

"ကျစ်..."

သျှမ်ကအထဲ ပြန်ဝင်ဖို့အလုပ်...

"ဟိတ်..ဒါကဘယ်လဲ.."

"အခန်းထဲဝင်မလို့လေ..."

"လာခဲ့..မင်းကိုပေးစရာရှိတယ်..."

သျှမ်အမှန်အကန် ရင်ခုံသွားလေသည်။မျက်လုံးအိမ်ကလေးအား ရှုထောင့်မျိုးစုံကို လှည့်ပတ်ကစားရင်း နှုတ်ခမ်းကိုပိုထော်လိုက်သည်။

Reborn  In  1900. S1. {Complete}Where stories live. Discover now