Unicode (Ep-50)

11.6K 950 0
                                    

part 50
Reborn in 1900.

"ကျွန်တော်အားလုံးကို ဝန်ခံစရာတစ်ခုရှိတယ်..."

အားလုံးက အဖြေအား မျှော်လင့် စောင့်စားစွာနှင့်...

"ကျွန်တော်ကလေ.. ဒီခေတ်က မဟုတ်ဘူး.. အချိန်ခရီးသွားလာတာထင်တယ်.. "

မျက်ခုံးတွေ ကိုယ်စီကျုပ်သွားသည်မို့. အားလုံးကတော့ ရေရေရာရာ တစ်ခုမှ နားမလည်ပေ....

"ဘာကိုဆိုလိုတာလဲ "

မေမေကြီးက လက်ဖျားလေးတွေကို စုတ်ကိုင်ရင်း မေးလာသည်မို့....

"အမှန်တော့ ဒီကိုဘယ်လိုရောက်လာသလဲ ကျွန်တော်မသိဘူး... ဒါပေမဲ့လေ ကျွန်တော် တကယ်ပျော်ခဲ့ရတယ်သိလား ... အားလုံးရဲ့ နွေးထွေးကြင်နာမှုတွေကို ကျွန်တော် သတိရနေမှာပါ.."

"21 ရာစုရဲ့ မျိုးဆက်သစ် ကျွန်တော် သျှမ်ညီသွေးက ကားတိုက်မှုတစ်ခုဖြစ်ပြီး သေသလား ရှင်သလား အခုထိမသိရဘူး...အဲ့နောက် ကျွန်တော် နိုးလာတော့ အခုလို ခေတ်ကြီးထဲ ကျွန်တော် ရောက်နေခဲ့တာ.. ဘာကြောင့်မှန်းမသိပေမဲ့.. တစ်ယောက်ယောက်က ခေါ်ခဲ့ပုံဘဲ...အခုတော့ ကျွန်တော့် ခရီးက လမ်းဆုံးတော့မယ်ထင်တယ်... ကျွန်တော် ဒီမှာ ဆက်​နေရ မနေရကိုလည်း ကျွန်​တော်မသိဘူး ပြီး​တော့ အားလုံးကိုလိမ်မိလို့ ကျွန်တော် ကြိုတင် တောင်းပန်ပြီး နှုတ်ဆက်ထားတာပါ.."

"ဒါဆို ငါ့သားကရော..."

ချက်ချင်းပင် ဒေါသရောင်တွေ ဖုန်းလွမ်းသွားသော မေကြီးသည် ဖိုးပြည့်ဆိုသော ကလေးအား စတင်မေးလေသည်။

သျှမ် ခေါင်းကို ခါပစ်ရင်း ငိုလျှက်ရှိသည်။

"မင်းကြောင့် ငါ့သား သေရတာ..မင်း ပြန်ခေါ်... မင်းမှာအပြစ်ရှိတယ်..ငါ့သား.....အီးဟီး....."

မေကြီးက ရင်ကိုထုခါ ငိုတော့ မမကြီးနဲ့ မမငယ်က ဘေးတစ်ဖတ်ဆီမှ ဆွဲခါ ထိန်းလျှက်ရှိသည်။

အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်နေသော လူတွေအားကြည့်ခါ ဘုန်းကြီးက ဝင်တားရသည်။

"ဒကာမကြီး စိတ်ထိန်း.. စိတ်ကို အေးအေးဆေးဆေးထားပါ.. "

"ဘုန်းဘုန်းရယ်... ကျမ ဘဝ အဖြစ်ဆိုးပါတယ်...ကျမသားကို ပြန်ခေါ်ပေးပါ..ကျမသားကိုဘဲ အလိုရှိပါတယ်.."

Reborn  In  1900. S1. {Complete}Where stories live. Discover now